ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ပဋိဇီဝ ပိုးသတ်ဆေး ၂ မျိုး မလိုအပ်ဘဲ မသောက်ရန် သတိပေး
DVB
·
March 29, 2020
ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ပဋိဇီဝ ပိုးသတ်ဆေး ၂ မျိုးကို မလိုအပ်ဘဲ သောက်နေတာတွေ မလုပ်ဖို့ မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးအာဏာပိုင်အဖွဲ့က သတိပေးလိုက်ပါတယ်။
လတ်တလော ဈေးကွက်ထဲမှာ ငှက်ဖျားဆေးဖြစ်တဲ့ ဟိုက်ဒရိုစီကလိုရိုကွင်းဆေးပြားနဲ့ ပဋိဇီဝ ပိုးသတ်ဆေးတမျိုးဖြစ်တဲ့ အက်ဇစ်သရိုမိုင်စင်ဆေးပြားတို့ကို မလိုလားအပ်ဘဲ ဝယ်ယူတာ၊ သောက်သုံးတာတွေ လုပ်နေကြလို့ ဘေးထွက်ဆိုးကျိုး အများကြီးရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အဲဒီဆေး ၂ မျိုးကို ဆရာဝန် ထောက်ခံချက်လက်မှတ် ပါမှပဲ ရောင်းချတာ၊ ဝယ်ယူတာ သောက်သုံးတာတွေ လုပ်ကြဖို့ အသိပေး ထုတ်ပြန်လိုက်ပါတယ်။