Homeမြန်မာသတင်း
ရခိုင်ပြည်နယ်တွင် COVID-19 ပြန့်ပွားမှုမရှိစေရန် နိုင်ငံရပ်ခြားမှပြန်လာသူများကို စစ်ဆေးနေ
ရခိုင်ပြည်နယ်တွင် COVID-19 ပြန့်ပွားမှုမရှိစေရန် နိုင်ငံရပ်ခြားမှပြန်လာသူများကို စစ်ဆေးနေ
DVB
·
March 26, 2020
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နိုင်ငံရပ်ခြားမှ ပြန်လာရောက်သူတွေကို ကျန်းမာရေးစစ်ဆေးဖို့ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားပြီး စောင့်ကြည့်လုပ်ဆောင်နေတယ်လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောပါတယ်။
“ကျနော်တို့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ကိုယ့်ရပ်ကွက်ကျေးရွာကို နိုင်ငံရပ်ခြားက ပြန်ရောက်တဲ့လူတွေ ရှိလို့ရှိရင် ချက်ခြင်းသတင်းပို့ပြီးတော့ ဒီကျောက်ဖြူဆေးရုံကြီးကို လာပြဖို့ ဒါမှမဟုတ်ရင် သက်ဆိုင်ရာနယ်မြေက ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆက်သွယ်ပြီးတော့ ကနဦးစစ်ပေါ့၊ ပြီးသွားရင်ဒီဆေးရုံကို လာရောက်ပြီးတော့ စစ်ဆေးမှုခံယူဖို့နဲ့ ပြန်ပြီးတော့ အိမ်မှာနေထိုင်လို့ရှိရင်လည်း စိတ်ချရမှုရှိအောင် ၁၄ ရက် သီးသန့်နေပေးဖို့ဆိုပြီးတော့ ကျနော်တို့မှာကြားထားတာရှိတယ်”
ကျောက်ဖြူမြို့နယ်မှာ မတ်လ ၂၅ ရက်ကစတင်ပြီး လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေ၊ ရှင်ပြုအလှူမင်္ဂလာပွဲတွေ မကျင်းပဖို့ကိုလည်း သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မြန်ရောဂါဖြစ်ပွါးမှု ကြိုတင်တားဆီးနိုင်အောင် သက်ဆိုင်ရာ ဌာနတွေနဲ့ လူမှုအဖွဲ့တွေပူးပေါင်းပြီးတော့ မြို့အထွက်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေး လုပ်ဆောင်နေတယ်လို့လည်း ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ထိုင်းနဲ့ မလေးရှားနို်ငငံတွေမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာရွေ့ပြောင်းလုပ်သားတွေ အလုံးအရင်းနဲ့ နေရပ်ပြန်လာနေကြရာမှာ ရခိုင်ပြည်နယ်ကိုလည်း အများအပြား ပြန်လာနေကြတာဖြစ်ပါတယ်။
သတင်း- နောင်နောင်