ရေးမြို့နယ် ဒေသဖွံ့ဖြိုးရေး ကျပ်သိန်းပေါင်း ၁၅၀၀၀ ခန့် သုံးစွဲမည်
DVB
·
March 17, 2020
ရေးမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒ်ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေနဲ့ မွန်ပြည်နယ် အစိုးရရဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် သိန်းပေါင်း ၁၅၀၀၀ နီးပါး သုံးစွဲသွားမယ်လို့ သိရပါတယ်။
အဓိက ကျေးလက်လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွေအပြင် စက်ရေတွင်း နဲ့ တန်ဖိုးသင့် ဝန်ထမ်းအိမ်ရာတွေကို ရာမည၊ မိုးမြင့်သစ္စာ၊ The Walls စတဲ့ ကုမ္ပဏီတွေက သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးနှစ်အတွင်း ရာခိုင်နှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်သွားမယ်လို့ မြို့နယ် နတလ တာဝန်ရှိသူတဦးက ပြောပါတယ်။
ကျေးလက်လမ်းတွေဖြစ်တဲ့ ရေး၊ ဖလံ၊ ချောင်း၀၊ ကျံကွီး လမ်းပိုင်း၊ ကဗျာဝ တရုတ်ထောက်လမ်း၊ မော့ကနင်၊ ဘေးလမု၊ ကွမ်းသီး တောလမ်းပိုင်း၊ ကျောင်းရွာ ငါးကလေး ချောင်း လိပ်ပုတ်လမ်း၊ ပလိုင်သိမ်-အံဒင် လမ်း၊ ချောင်းတောင်-ဝဲရက် လမ်းတွေမှ မိုင်ပေါင်း ၈ မိုင် ၇ ဖာလုံ ကတ္တရာ ကွန်ကရက် မြေသား ကျောက်ချောလမ်း အပြင် ပေ ၄ဝ က နေ ပေ ၈ဝ အထိ တံတား ၃ စင်းလည်းပါတယ်လို့ ဆိုပါတယ်။
စက်ရေတွင်းက ၅ တွင်းနဲ့ တန်ဖိုးသင့် ၀န်ထမ်းအိမ်ရာ ၂ လုံးပါ စီမံကိန်းတွေ အကောင်အထည်ဖော်နေပြီး လုပ်ငန်းပြီးစီးမှုက အခုချိန် ရာခိုင်နှုန်း ထက်ဝက်ကျော်နီးပါးလောက် ပြီးစီးနေပြီလို့ သိရပါတယ်။
အဆိုပါ ရေးမြို့နယ်ကျေးလက်လမ်းပန်းဆက်သွယ်ရေးကို အမှီပြုနေတဲ့ ရွာပေါင်း ၁၀၀ လောက်၊ ဒေသခံ လူ ၄ သောင်းလောက် ဒေသ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စတဲ့ ကဏ္ဍတွေ ပိုမိုအားကောင်းလာမယ်လို့ ဆိုပါတယ်။
နေမျိုးထွဋ်