နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရွှေဘိုမြို့တွင် အောင်မြေနင်း
DVB
·
March 12, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ လူထုတွေ့ဆုံပွဲ လာရောက်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုတွေ့ဆုံပွဲအပြီး မတ်လ ၁၁ ရက် မွန်းလွဲ ၂ နာရီ ခွဲခန့်မှာ ရွှေဘိုမြို့ရဲ့အထင်ကရ နေရာတခုဖြစ်တဲ့ အောင်မြေကျောင်းတိုက်အတွင်းမှာ တည်ထားတဲ့ အောင်မြေဘုရားဖူးပြီး အောင်မြေကိုနင်းသွားခဲ့ပါတယ်။
အောင်မြေဆိုတာ မြွေသတ္တဝါက ဖားကိုကြောက်ပြေး၊ ကျားက သမင်ကို ကြောက်လို့ပြေး၊ ခွေးကကြွက်ကို ကြောက်ပြေးရတယ်လို့ ဆိုစမှတ်ပြုခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။
ပထမဆုံးကုန်းဘောင်မင်းဆက်ဖြစ်တဲ့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျဟာ အောင်နိုင်တဲ့ အတိတ်နိမိတ်ရှိခဲ့တဲ့ ရွေဘိုမြို့ရှိ ယခု အောင်မြေနေရာကိုနင်းပြီး စစ်တိုက်ထွက်ရာ စစ်ပွဲတွေအောင်မြင်ခဲ့တယ်လို့လည်း ဆိုကြပါတယ်။
အောင်မြေဟာ ရွှေဘိုမြို့ရဲ့တောင်ဘက် မြို့အဝင်ဝ ရွှေဘို-မန္တလေးလမ်းမကြီး အနောက်ဘက်မှာရှိပြီး ဝေဘူဆရာတော်ကြီးတည်ဆောက်ခဲ့တဲ့ အောင်မြေဘုန်းကြီးကျောင်း အတွင်းမှာ တည်ရှိတာဖြစ်ပါတယ်။
သတင်း- အောင်စံလင်း