Home
လွှတ်တော်/ဥပဒေရေးရာ
ဖွဲ့စည်းပုံပြင်ဆင်ရေး မဲပေးမှု စတင်
DVB
·
March 10, 2020
89970411_2811442212276793_7495188458072178688_o
89863085_2811442175610130_2187543387790376960_o
89829485_2811442335610114_2704811265892548608_o
89474517_2811442075610140_8058103313020747776_o
89396891_2811442105610137_7162344865047511040_o
88265882_2811442278943453_6715048923389493248_o
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့နဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လျှို့ဝှက်ဆန္ဒမဲပေးမှုတွေကို ဒီနေ့ပြည်ထောင်စုလွှတ်တော်မှာ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။  ဆန္ဒမဲလက်မှတ် (၉) စောင်ရှိတဲ့ အထဲက ဒီနေ့မှာတော့ ဆန္ဒမဲ အမှတ် (၁) မှာပါဝင်တဲ့ ပုဒ်မ၊ပုဒ်မခွဲ (၁၄) ခု အတွက် လွှတ်တော်ကိုယ်စားလှယ်တွေက ဆန္ဒမဲပေးရမှာဖြစ်ပါတယ်။  ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ခွင့်တိုင်ကြားတဲ့ ကိုယ်စားလှယ် (၂၁)ဦး ရှိတဲ့အတွက် ဒီနေ့မှာ ဆန္ဒမဲပေးသူ အရေအတွက်က စုစုပေါင်း (၆၃၃)ဦး ရှိနေပါတယ်။  ဒါ့ကြောင့် ထောက်ခံသူအရေအတွက် ၇၅ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ ကိုယ်စားလှယ် (၄၉၁) က ထောက်ခံတဲ့ ပုဒ်မ၊ပုဒ်မခွဲတွေကိုသာ ပြင်ဆင်ရေး လုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်နိုင်မှာလည်း ဖြစ်ပါတယ်။ ဖြိုးသက်ပိုင်မြင့်(နေပြည်တော် )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024