ရန်ကုန်-မန္တလေးအမြန်လမ်း အဆင့်မြှင့်တင်ရန် မကြာခင် EOI ခေါ်ယူမည်
သူဇာလင်း
·
March 3, 2020
ရန်ကုန်-မန္တလေးအမြန်လမ်းကို အဆင့်မြှင့်တင်ဖို့အတွက် မကြာခင်မှာ စိတ်ဝင်စားမှု အဆိုပြုလွှာ EOI ခေါ်ယူသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောပါတယ်။
အမြန်လမ်းကို အဆင့်မြှင့်တင်ဖို့ဆိုရင် ကုန်ကျစရိတ်များနေတာတွေကြောင့် စိတ်ဝင်စားပြီး ရင်းနှီးမြှုပ်နှံမယ့် ပုဂ္ဂလိက ကုမ္ပဏီတွေကို ဖိတ်ခေါ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနကတာဝန်ယူပြီး နိုင်လွန်ကတ္တရာခင်းတာတွေကို လုပ်ဆောင်နေတယ်လို့ပြောပါတယ်။
ဒါ့အပြင် ယာဉ်ကြောပိတ်ဆို့တာတွေ ရှိခဲ့မယ်ဆိုရင်တော့ လမ်းချဲ့တာတွေပါ လုပ်ဆောင်သွား ဖို့လည်း ရှိတယ်လို့ မတ်လ ၃ ရက်နေ့က ရန်ကုန်မြို့ ချက်ထီယမ် ဟိုတယ်မှာကျင်းပတဲ့ မြို့တော်သာယာလှပရေးနဲ့ ရေရှည်တည်တံ့တဲ့ အဆောက်အအုံများဟောပြောပွဲမှာ ပြောဆိုခဲ့တာပါ။
ရန်ကုန်-မန္တလေးအမြန်လမ်းကိုတော့ ၂၀၁၁ ဒီဇင်ဘာမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မိုင်ပေါင်း ၃၆၅ မိုင်ရှည်လျားပါတယ်။