Home
သတင်းဓာတ်ပုံ
မော်စကိုမြို့တွင် ပူဇော်ထားရှိမည့် ၁၈ ပေ ဗုဒ္ဓကြေးဆင်းတုတော် ၉၀ရာခိုင်နှုန်း ပြီးစီး (ဓာတ်ပုံ) 
DVB
·
February 27, 2020
87954267_2590009124589464_7959150152738930688_o
87948115_2590009254589451_2725484249158254592_o
87846100_2590009317922778_2954329778955485184_o
87728876_2590009194589457_5657269564388409344_o
87240855_2590009377922772_5229606137283739648_o
ရုရှားနိုင်ငံ မော်စကိုမြို့မှာ ထားရှိပူဇော်မယ့် ၁၈ပေ ဗုဒ္ဓကြေးဆင်းတုတော်ကြီး ဖေဖော်ဝါရီ နောက်ဆုံးအပတ်က ၉၀ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ ကြေးဆင်းတုတော်ကြီးကို သီတဂူဆရာတော်ကြီးရဲ့ လမ်းညွှန်မှုနဲ့ တမ္မဝတီရပ်ရှိ ပြည့်ဝ မြန်မာမှုကြေးသွန်းလုပ်ငန်းက ဦးအောင်အောင်မိုးက သွန်းလုပ်နေတာပါ။ ကြေးဆင်းတုတော်ကြီးကို ပုဂံခေတ် စင်္ကြံလျှောက်တော်မူဟန်  သွန်းလုပ်ထားပြီး ဉာဏ်တော်အမြင့် ၁၈ ပေ ရှိပါတယ်။ ၁၈ ပေ ကြေးဆင်းတုတော်ကြီးကို ခန့်မှန်းကြေးပိဿာချိန် ၂၀၀၀ လောက်နဲ့ သွန်းလုပ်ခဲ့တာဖြစ်ပြီး ၅ လ လောက်အကြာ ပြုလုပ်ခဲ့တာပါ။ လက်ရှိမှာ သွန်းလုပ်ထားတဲ့ အစိတ်အပိုင်းတွေကို ဆက်ပြီး အချောကိုင်လုပ်ငန်းကို ဆောင်ရွက်နေတာဖြစ်ပြီး ဖေဖော်ဝါရီလကုန် အပြီးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း- သော်တာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024