Home
ရုပ်သံ
ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်ရုပ်ရှင်-‘အချစ်ဖြင့်လွမ်းစေ’ရုံတင်မည်(ရုပ်ရှင်နမူနာ)
DVB
·
February 5, 2020
83267031_531671087706571_3009548111895855104_o
ပရိသတ်တွေကြား အားပေးမှုတွေ အခိုင်အမာ ရရှိထားကြတဲ့ လူငယ်သရုပ်ဆောင် ဒေါင်းနဲ့ ပိုင်ဖြိုးသုတို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ ‘အချစ်ဖြင့်လွမ်းစေ’ ရုပ်ရှင်ကို ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။        ဒီကားကတော့ နာမည်ကြီး စာရေးဆရာမ နုနုရည်အင်းဝရဲ့ ဇာတ်လမ်းကို ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ နေသန်မောင်က ရုပ်ရှင်အနေနဲ့ ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါ တယ်။        ဒီကားကိုတော့ ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ရိုက်ကူးပုံဖော် ထားတာဖြစ်ပြီး နောင်မင်းလတ်၊ မိုးမူယာနိုင်နဲ့ ရှင်နှင်းညိုစတဲ့ ဇာတ်ကောင်တွေရဲ့ တက္ကသိုလ်နောက်ခံ ၃ ပွင့်ဆိုင်အချစ်ဒရာမာဇာတ်လမ်းတပုဒ်အနေနဲ့ ပရိသတ်တွေက ရှု စားကြရမှာ ဖြစ်ပါတယ်။        ဒီကားထဲမှာတော့ ဒေါင်း၊ ပိုင်ဖြိုးသုတို့နဲ့အတူ အိန်ဂျယ်လမုန်၊ အောင်လွင်၊ မင်းဦး၊ မျိုးသန္တာထွန်းတို့နဲ့ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။        ဒီရုပ်ရှင်ရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ရန်ကုန်မြို့၊ Time City မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။        ဒေါင်းနဲ့ ပိုင်ဖြိုးသုတို့ဟာ သိပ်မကြာခင်ကမှ ရုံတင်ပြသခဲ့တဲ့ မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက်ရုပ်ရှင်မှာလည်း အတူသရုပ်ဆောင်ထားခဲ့ကြပြီး ပရိသတ်အားပေးမှုတွေ ရရှိထားတဲ့ သရုပ်ဆောင်တွေဖြစ်တာမို့ ခုအသစ်ထွက်ရှိလာတဲ့ ရုပ်ရှင်ကိုလည်း စိတ်ဝင် စားနေကြတာပါ။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကားဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာ မျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။        ဒီကားကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024