ခရီးသည်တင်ယာဉ်ပေါ်ပါလာသည့် အမျိုးသမီးတဦးထံမှ ဘိန်းဖြူများ ဖမ်းမိ
DVB
·
February 2, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ ဆပ်ပြာခွက်တွေနဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ၀.၆၀၅ ကီလို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ လားရှိုးမြို့နယ်၊ ခါးသျှိကျေးရွာအနီး မူဆယ်-မန္တလေးကားလမ်းမိုင်တိုင်(၁၆၅/၅)မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၆ နာရီခွဲလောက်က ရွှေတြိဂံယာဉ်လိုင်းမှ SHN EE/×××× AD Van ခရီးသည်တင်ယာဉ်အား စစ်ဆေးရာ ခရီးသည် မအုန်းဝါ (၃၇)နှစ်ရဲ့ ခရီးဆောင်အိတ်အတွင်း ဆပ်ပြာခွက် ၅၅ ခွက်နဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ၀.၆၀၅ ကီလို၊ ဖုန်း ၁ လုံးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိသူ မအုန်းဝါကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
Photo : Ministry of Home Affairs, Myanmar