ရေးမြို့နယ် အာဇာနည်ဗိမာန် ဖျက်ဆီးသူများကို ဖမ်းမိ
DVB
·
February 1, 2020
မွန်ပြည်နယ်၊ ရေးမြို့နယ်ရဲ့ အာဇာနည်ဗိမာန်အား ဖျက်ဆီးခဲ့တဲ့ လူ ၄ ယောက်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ မွန်းလွဲပိုင်းမှာ ဖမ်းဆီးမိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ ည ၁၀ နာရီလောက်က အာဇာနည်ဗိမာန်ရှိ လက်ရန်း အကာအရံတွေကို လူငယ် ၄ ဦးက အုတ်ခဲတွေနဲ့ ရိုက်ခွဲဖျက်ဆီးခဲ့တာဖြစ်ပြီး ရေးမြို့ မြသီတာဈေးမှာ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
လူငယ်တွေရဲ့ ဖျက်ဆီးမှုဟာ ရုပ်ဆို အကျည်းတန်စေပြီး အခုလို ရက်ပိုင်းအတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးပေးလို့ ကျေနပ်ကြောင်း၊ လူငယ်တွေ လမ်းမှား ထပ်မမှားကြဖို့ အသိပညာပေးတာတွေ လုပ်ဆောင်သင့်တယ်လို့ မြို့ခံ ဦးမြသန်းက ပြောပါတယ်။
အာဇာနည်ဗိမာန်အား ဖျက်ဆီးခဲ့တဲ့သူတွေဟာ အသက် ၂၀ မှ ၂၅ ကြားအရွယ်တွေ ဖြစ်ပါတယ်။
ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆၁ အရ မြို့နယ်စည်ပင်က တရားလိုပြုလုပ် တိုင်တန်းထားတာပါ။
အာဇာနည်ဗိမာန်အား ဖျက်ဆီးခဲ့တဲ့ ရာဇာထွန်း၊ ပိုင်ပိုင်၊ သီဟနဲ့ ဇော်ဝင်းထွဋ်တို့ကို ရေးမြို့မ ရဲစခန်း အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
နေမျိုးထွဋ်