Homeမြန်မာသတင်း
ရေးမြို့မရဲစခန်း နယ်မြေပိုင်အတွင်း လူသတ်မှု ၁၆ မှုဖြစ်ခဲ့၊ ပင်လယ်ပြင်တွင် ပိုမိုအဖြစ်များ
ရေးမြို့မရဲစခန်း နယ်မြေပိုင်အတွင်း လူသတ်မှု ၁၆ မှုဖြစ်ခဲ့၊ ပင်လယ်ပြင်တွင် ပိုမိုအဖြစ်များ
DVB
·
December 14, 2019
မွန်ပြည်နယ်၊ ရေးမြို့နယ် မြို့မရဲစခန်းပိုင်နယ်မြေအတွင်း ၂၀၁၉ ခုနှစ်မှာ လူသတ်မှု ၁၆ မှု ဖြစ်ပွားခဲ့ပြီး ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းခွင်မှာ ပိုမိုဖြစ်ပွားခဲ့တယ်လို့ မှုခင်းရဲက ပြောပါတယ်။
ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုနဲ့ ကြုံတွေ့ရလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာမှာ အသိစိတ်တွေ ကျဆင်းလာနေပြီး ရေလုပ်သားတွေ အချင်းများရာကနေ လူသတ်မှုတွေ ဖြစ်ပွားရတာဖြစ်ပြီး ကျွမ်းကျင်ရေလုပ်သားတွေ လုံလောက်စွာ ထားရှိဖို့လည်း လိုအပ်တယ်လို့ မှုခင်းရဲအရာရှိတဦးက ပြောပါတယ်။
ပင်လယ်ပြင် လူသတ်မှု လျော့နည်းလာအောင် ရေလုပ်သားတွေကို လုပ်ငန်းခွင်အန္တရာယ်ဘေးကင်းအောင် အသိပညာပေးတာတွေ လုပ်ပေးဖို့လိုသလို ရာဇာဝတ်အမှုတွေနဲ့ ထွတ်ပြေးတိမ်းရှောင်နေတဲ့ နေရာမဖြစ်ဖို့ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး စီစစ်သင့်တယ်လို့ ဆိုပါတယ်။
ရေးမြို့နယ်မှ ပင်လယ်ပြင် လူသတ်မှုက ၉ မှု ထိရှိပြီး လူသတ်မှုထဲမှ ၁ နှစ် ၇ လသားအရွယ် မိန်းကလေးငယ် ၁ ဦး ပြန်ပေးဆွဲ သတ်ခံခဲ့ရသလို အသက် ၉၅ နှစ်အရွယ်အဘိုးအိုတဦးလည်း မူးယစ်ဆေးသုံးစွဲသူရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်လို့ မှုခင်းရဲအရာရှိက ပြောပါတယ်။
လူသတ်မှုနဲ့ပြစ်မှုကျူးလွန်ထားသူတွေကို တရားစွဲဆိုထာတာ ရှိသလို ထွက်ပြေးလွတ်မြောက်နေသူတွေကိုလည်း ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။
နေမျိုးထွဋ်