ဖျာပုံမြို့တွင် ကျေးရွာချင်းဆက်တံတား ကိုယ်ထူကိုယ်ထ တည်ဆောက်
DVB
·
December 8, 2019
ဧရာဝတီတိုင်း ဖျာပုံမြို့နယ်၊ တင်ပုလွဲကျေးရွာနဲ့ ဓမင်းဆိပ်ကျေးရွာ လမ်းပန်းဆက်သွယ်ရေး လွယ်ကူစေဖို့အတွက် ကျပ်သိန်း ၈၀၀ ကျော် ကွန်ကရစ်တံတားကို ကိုယ်ထူကိုယ်ထ တည်ဆောက်နေပါတယ်။
တင်ပုလွဲကျေးရွာ၊ အောင်မြေသာစည်ကျောင်းထိုင် ဆရာတော် ဦးပုညောဘာသ ဦးဆောင်ကာ စုပေါင်းလှူဒါန်းငွေနဲ့ တည်ဆောက်နေတာပါ။
တင်ပုလွဲကျေးရွာနဲ့ ဓမင်းဆိပ်ကျေးရွာကို ဆက်သွယ်ထားတဲ့ ကိုယ်ထူကိုယ်ထ တံတားဟာ အလျား ၁၅၀ ပေ၊ အနံ ၁၂ ပေ၊ ရေလယ်မှတ်တံတားအမြင့် ၂၇ ပေလောက်ရှိတဲ့ သံကူကွန်ကရစ်တံတားကို တည်ဆောက်သွားမှာပါ။
တင်ပုလွဲကျေးရွာဟာ ဖျာပုံမြစ်နဲ့ မြန်မာ့ပင်လယ်ထွက်ပေါက် ပင်လယ်ဝမှာ တည်ရှိကာ အိမ်ခြေ ၃၈၁ လုံး၊ လူဦးရေ ၁၈၅၄ ယောက် ရှိပါတယ်။
ဒီကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထ ချောင်းကူးတံတား ပြီးစီးသွားရင် ဒေသခံပြည်သူတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကိစ္စရပ်တွေမှာ အချိန်တိုအတွင်း အလွယ်တကူ ဖျာပုံမြို့ပေါ်နဲ့ ဆက်သွယ်သွားလာနိုင်မှာ ဖြစ်သလို အနီးဝန်းကျင်က ကျေးရွာတွေနဲ့လည်း သွားလာရ လွယ်ကူသွားမှာ ဖြစ်ပါတယ်။
ကျော်စိုးမိုး