Homeအနုပညာ
အလွမ်းရဲ့ည သီချင်းနှင့်အတူ နှုတ်ဆက်အိမ်ပြန်ခဲ့ရပြီဖြစ်သည့် မြန်မာအိုင်ဒေါပြိုင်ပွဲဝင် နော်စေးစေးထူး(ရုပ်သံ)
အလွမ်းရဲ့ည သီချင်းနှင့်အတူ နှုတ်ဆက်အိမ်ပြန်ခဲ့ရပြီဖြစ်သည့် မြန်မာအိုင်ဒေါပြိုင်ပွဲဝင် နော်စေးစေးထူး(ရုပ်သံ)
DVB
·
December 7, 2019
ဆဋ္ဌမမြောက်သီတင်းပတ်အနေနဲ့ ကျင်းပပြီးစီးခဲ့တဲ့ မြန်မာအိုင်ဒေါ သီ ချင်းဆိုပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်တွေဟာ ဟေမာန်ဆောင်းသီချင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြပြီး Result Show ညမှာတော့ ပြိုင်ပွဲဝင်တဦးဖြစ်တဲ့ နော်စေးစေးထူးက နှုတ်ဆက်အိမ်ပြန်ခဲ့ရပြီဖြစ်ပါတယ်။
Top Finalists ၁၁ ဦးနဲ့ စတင်ခဲ့တဲ့ မြန်မာအိုင်ဒေါ Season 4 ရဲ့ ယှဉ်ပြိုင်မှုဟာ သီတင်းပတ် ၆ ပတ်ကို ဖြတ်ကျော်ခဲ့ပြီးချိန်မှာတော့ လတ်တလော ပြိုင်ပွဲဝင် ၅ ယောက်သာ ကျန်ရှိနေပါတော့တယ်။
ပြိုင်ပွဲဝင်တွေရဲ့ စိတ်ကြိုက်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရတဲ့ ပထမဆုံးသီ တင်းပတ် Performance Show မှာတော့ ပြိုင်ပွဲဝင်တွေထဲက တဦးဖြစ်တဲ့ အလှမယ် ခြူးစစ်ဟန်က ပထမဆုံး နှုတ်ဆက် အိမ်ပြန်ခဲ့ရတာပါ။
ဒုတိယမြောက် သီတင်းပတ်ရဲ့ ရော့ခ်သီချင်းတွေနဲ့ ယှဉ်ပြိုင်တဲ့ညမှာတော့ နော်စေးစေးထူးက ပရိသတ်ပေးတဲ့ မဲအနည်းဆုံးနဲ့ ပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာရဖို့ ဖြစ်လာချိန်မှာတော့ ဒိုင်တွေက Save လုပ်ပြီး ပြန်လည်ရွေးချယ်မှုနဲ့ နောက်တဆင့် ဆက်တက်ခဲ့တာမို့ တတိယသီတင်းပတ် တက္ကသိုလ်အမှတ်တရ သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်မှုမှာတော့ မဲအနည်းဆုံး ၂ ဦးဖြစ်တဲ့ နေလင်းကျော်နဲ့ နှင်းအိအိဝင်းတို့ ပြိုင်ပွဲက တဆင့်ဖြုတ်ချခဲ့ရတာပါ။
စတုတ္ထမြောက် ကန်းထရီးသီတင်းပတ်ကတော့ ပရိသတ်တွေကိုရော ဒိုင်တွေကိုပါ စိတ်လှုပ်ရှားစေခဲ့တဲ့ သီတင်းပတ် ဖြစ်ခဲ့ရပါတယ်။
တူညီတဲ့ အပြိုင်အဆိုင် ကြိုးစားမှုတွေကြားက ပြိုင်ပွဲဝင် ၈ ယောက်ထဲက Bottom 3 မှာ ထိုင်ခဲ့ရသူတွေဟာ အရင်သီတင်းပတ်တွေမှာ တခါမှ မထိုင်ခဲ့ဖူးသူတွေဖြစ်တဲ့ မြန် မာအိုင်ဒေါစတားတွေလို့တောင် တင်စားပြောဆိုကြရတဲ့ အေးမြဖြူ၊ အက်စတာ ဒေါ့သ်ချင်းဆုန်နဲ့ တန်ခွန်ကျော်တို့ ဖြစ်နေခဲ့ကြတာပါ။
သူတို့ ၃ ယောက်ထဲက ပရိသတ် မဲပေးတဲ့ အရေအတွက် အနည်းဆုံး တယောက်ကတော့ တန်ခွန်ကျော် ဖြစ်ခဲ့တာမို့ သူ့ပရိသတ်တွေအတွက်တော့ ဝမ်းနည်းစရာ ဖြစ်ခဲ့ရတာပါ။
ပဉ္စမမြောက်သီတင်းပတ်မှာတော့ စိုးလွင်လွင် သီချင်းတွေနဲ့ ပြိုင်ပွဲဝင် ၇ ယောက်က အသီးသီး ယှဉ်ပြိုင်ခဲ့ကြပြီး Result Show ညမှာတော့ တဦးကတော့ သေချာ ပေါက်ထွက်ခွာရဖို့ ဖြစ်လာချိန်မှာတော့ ပရိသတ်ပေးတဲ့ မဲအနည်းဆုံးဖြစ်တဲ့ ထက်အဉ္ဇလီ က နှုတ်ဆက်အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။
ဆဋ္ဌမမြောက်သီတင်းပတ်အဖြစ် ပြိုင်ပွဲဝင် ၆ ယောက်ရဲ့ ဟေမာန်ဆောင်းသီချင်း တွေနဲ့ ညမှာတော့ ပရိသတ်ပေးတဲ့ မဲအနည်းဆုံး ၃ ယောက်အဖြစ် နာမည်ကြီးပြိုင်ပွဲဝင် အက်စတာ၊ ယောကီးနဲ့ နော်စေးစေးထူးတို့ ထွက်ပေါ်လာခဲ့တာပါ။
သူတို့ ၃ ယောက်ထဲက နောက်တဆင့်တက်ရောက်နိုင်သူကို အရင်ဆုံးကြေငြာရာ မှာတော့ ယောကီးက တဆင့်ဆက်တက်သွားခဲ့တာမို့ ကျန်နေတဲ့ ပြိုင်ပွဲဝင် ၂ ယောက်အ ဖို့ ပိုပြီးရင်ခုန်စရာဖြစ်ခဲ့တာပါ။
မိန်းကလေး ၂ ဉီးထဲက တယောက်ကတော့ မဲအနည်းဆုံးနဲ့ နှုတ်ဆက်ထွက်ခွာရ မှာဖြစ်ပြီး တယောက်ကတော့ Top 5 အဆင့်ကို ဆက်တက်နိုင်မှာ ဖြစ်ပါတယ်။
အရင်ဆုံးနောက်တဆင့်ဆက်တက်နိုင်မယ့်သူအဖြစ် အက်စတာကို ကြေညာလိုက် ချိန်မှာတော့ နော်စေးစေးထူးက နှုတ်ဆက်အိမ်ပြန်ခဲ့ရသူ ဖြစ်သွားခဲ့တာပါ။
နော်စေးစေးထူးဟာ ပထမအကြိမ် ဒိုင်တွေက Save လုပ်ခဲ့သူဖြစ်တာမို့ ဒီတခါမှာ တော့ နှုတ်ဆက်သီချင်းသီဆိုစရာမလိုတော့ပဲ အိမ်ပြန်ခဲ့ရပြီဖြစ်ပါတယ်။
Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ် အမှတ်ပေးနေကြတာဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။
လတ်တလောမှာတော့ ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင် ၅ ဦးဖြစ်ကြတဲ့ ယောကီး၊ ဘင်ဂျမင်ဆုန်း၊ အက်စတာဒေါ့သ်ချင်းဆုန်၊ မူးလာနဲ့ အေးမြဖြူတို့က ဆက်လက် ယှဉ်ပြိုင်သွား ကြမှာဖြစ်ပြီး နောက်တပတ်မှာတော့ ထင်ရှားကျော်ကြား တေးသီချင်း များနဲ့ ပြိုင်ပွဲဝင်ကြမှာ ဖြစ်ပါတယ်။
Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှာ ရွှေသံလွင်ကုမ္ပဏီက စီစဉ်ပြီး ၂၀၁၆ ခုနှစ်မှာ Season 1 အဖြစ် ကျင်းပခဲ့ကာ Winner ဆုကိုတော့ စောလားထော်ဝါးက ရရှိခဲ့ပါတယ်။
၂၀၁၇ ခုနှစ်ရဲ့ Myanmar Idol Season 2 မှာတော့ Winner ဆုရှင်အဖြစ် သားငယ်က ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်ရဲ့ Myanmar Idol Season 3 နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။
ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြတဲ့ ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ကို အားပေးတဲ့ ပရိသတ်တွေအချင်းချင်းကြားမှာ အပြိုင်အဆိုင် အကြိတ်အနယ် ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ဘဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့ပါတယ်။
အခုနှစ်ရဲ့ Season 4 မှာရော ဘယ်သူတွေက Winner ဆုကို ရရှိသွားမလဲ၊ နိုင်ငံအနှံ့က ဘယ်လိုရွက်ပုန်းသီး အနုပညာရှင်တွေ ထွက်ပေါ်လာဦးမလဲ ဆိုတာကိုတော့ အပတ်စဉ် ကြာသပတေးနေ့နဲ့ သောကြာနေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။