Home
မြန်မာသတင်း
သာစည် ဘိလပ်မြေစက်ရုံတွင် ပတ္တားထဲ လက်ညှပ်မိ၍ အလုပ်သမား ၁ ဦး သေဆုံး
DVB
·
December 4, 2019
78879049_3097546627051000_172970646681157632_n
မန္တလေးတိုင်း၊ သာစည်မြို့နယ် ပြည်ညောင်ရွာရှိ ဘိလပ်မြေစက်ရုံတခုမှာ ဒီဇင်ဘာလ ၄ ရက် မနက်က ပတ္တားထဲလက်ညှပ်မိပြီး အမျိုးသားအလုပ်သမား ၁ ဦး သေဆုံးသွားတယ်လို့ ယင်းမာပင်ရွာရဲစခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ ဘိလပ်မြေစက်ရုံ ကုန်ချောကြိတ်ခွဲစက်ဌာနစိတ်မှာ ဒီဇင်ဘာလ ၄ ရက်မနက်က  ဦးလှမင်းထွန်း ခေါင်းဆောင်တဲ့ အလုပ်သမား ၄ ဦးအလုပ် လုပ်ကိုင်နေစဉ် မိတ္ထီလာမြို့ ဥယျာဉ်ရွာနေ အောင်ကိုမျိုး (၂၄ နှစ်) ရဲ့ ညာဘက်လက်ပတ္တားထဲညှပ်ကာ စက်ရပ်သွားခဲ့ပြီး ဆေးရုံပို့ဖို့ ပြင်ဆင်နေစဉ်မှာ သေဆုံးသွားခဲ့တာပါ။ ယင်းမာပင်ရွာရဲစခန်း ဒုရဲအုပ်ရန်သိန်းက "စက်သန့်ရှင်းရေး လုပ်ရာက ပတ္တားထဲ လက်ညှပ်သွားတယ်။ ညာဘက်ပါးပွန်းပဲ့ပြီး ညာဘက်လက်မောင်း စုတ်ပြဲတယ်။ နေရာတင် သေဆုံးသွားတယ်။ ယင်းမာပင်တိုက်နယ် ဆေးရုံကို ပို့ပေးရတယ်"လို့ ပြောပါတယ်။ သာစည်မြို့နယ် ယင်းမာပင်ရဲစခန်းမှာ အောင်ကိုမျိုးသေဆုံးတာ ဓမ္မတာအတိုင်း ဟုတ် မဟုတ် စုံစမ်းစစ်ဆေးဖို့ သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၉ နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013