ရင်ဖွင့်စာ
DVB
·
November 24, 2019
Aung Aung Htet1
Mu Aye
ကိုယ်ရယ် မင်းရယ် အကြင်နာရယ်1
မိတ္ထီလာ  အောင်ဇေယျာ ၁၂ နယ်မြေအရှေ့ပိုင်း  ကြက်ခြံက အနံ့ဆိုးများကြောင့် အခက်ကြုံ မိတ္ထီလာ၊ အောင်ဇေယျာ ၁၂ နယ်မြေ အရှေ့ပိုင်းမှာ မြေပြင်အတတ်သင် လေတပ်ထဲက ကြက်ခြံကထွက်တဲ့ ကြက်ချေးပုပ်နံ့ဟာ ၂၄ နာရီ တော်တော်နံနေပါတယ်။ ညဆိုလည်း တညလုံး နံလို့ အိပ်မရပါဘူး။ နေ့ဆိုရင်လည်း ထိုအပုပ်နံ့ကြောင့် တခြားနရောကို ရှောင်ပြေးနေရပါတယ်၊ အိမ်မှာ မနေနိုင်ပါဘူး။ သူတိုကြက်ခြံက တပ်ခြံစည်းရိုးနားမှာဆိုတော့ ရပ်ကွက်နဲ့ တအားနီးပါတယ်။ ရပ်ကွက်ထဲ အငြိမ်းစား ဝန်ထမ်း သက်ကြီးရွယ်အို ကျန်းမာရေး မကောင်းတဲ့သူတွေေ အတော်များပါတယ်။ ဆိုးရွားလွန်းတဲ့ ကြက်ချေးပုပ်နံ့ကို မခံနိုင်လို့ ဒီဗွီဘီကတဆင့် တာဝန်ရှိသူတွေ သိအောင် တင်ပြလိုက်ရပါတယ်။ –အမည်မဖော်လိုသူ ဒေသခံတဦး     ရေစကြိုမြို့နယ်က ရှော့တိုက်ငါးဖမ်းလှေများ အရေးယူပေးပါ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှာ ရှော့တိုက်ငါးဖမ်းလှေများ သောင်းကျန်းနေကြပါသည်။ ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံဒသမှာ လုပ်စားနေကြတာပါ။ နေ့ခင်း ကြီးမှာ ရွာဘေးတွေမှာ လာဖမ်းနေကြတာပါ။ ရှော့ရိုက်နေတာကို မသိလို့ ကလေးသူငယ်များနှင့် ရွာသူရွာသားများ ရေဆင်းချိုးမိပါက အသက်အန္တရာယ်ကို ဆုံးရှုံးသွားနိုင်သည့်အတွက် သက်ဆိုင်ရာ အထက်လူကြီးများ သိစေရန် တင်ပြပေးစေချင်ပါတယ်။ –ဒေသခံတဦး     နတ်တလင်းမြို့နယ် ညောင်ငုတ်တိုနှင့် ကံလယ်ရွာကြား ချောင်းကူးတံတား ပြင်ပေးပါ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် အနောက်ဘက်မှ ညောင်ငုတ်တိုနဲ့ ကံလယ်ရွာကြား ချောင်းကူးတံတားကျိုးနေတာ အစိုးရအနေနဲ့ ပြင်စေချင်ပါတယ်။ အရင်တံတားလ◌ည်း လုပ်သွားတာ အရည်အသွေးမမီလို့ ပျက်စီးသွားတာပါ။ ရွာပေါင်း ၅၀ က ပြည်သူများ သွားလာ၍ လယ်ယာထွက်ကုန်များလည်း မြို့သို့ပို့နေသော တံတားဖြစ်ပါတယ်။ လမ်းတွေလည်းမကောင်းပါ။ ဒီဗွီဘီကတဆင့် ကူပြောပြပေးပါနော်။ –မူအေး   သူခိုး သောင်းကျန်းနေတယ်လို့ ရင်ဖွင့်လာတဲ့ ပင်းတယက စိုက်ပျိုးရေးသမားလေး ကျနော်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ၊ ပင်းတယမြို့နယ်၊ ကျုံးကျေရွာက စိုက်ပျိုးရေးသမားပါ။ ကျနော်တို့ ကျုံးကျေရွာလေးမှာ အခုတလော သူခိုးတွေလည်း သောင်းကျန်နေပါတယ်။ လိုင်စင်မဲ့အရက်ဆိုင်တွေ၊ ဖဲဝိုင်းတွေလည်းပေါ။ တချို့စားသောက်ဆိုင်တွေက ဆိုင်ကိုဗန်းပြပြီး နောက်ဖေးမှာ ဖဲဝိုင်ထောင်နေကြတယ်။ ၇ ရွာ အုပ်ချုပ်တဲ့ ရွာသူကြီးကလည်း အရက်ဖြန့်ချိရေးဆိုင် ဖွင့်ထားတော့ အရက်ဆိုင်တွေလည်းပေါ၊ နောက်ပြီး ကျနော်တို့ ကျုံးကျေရွာလေးမှာတော့ လိူင်စင်မဲ့ ကားတွေကလည်းပေါ။ အစိုးရဝန်ထမ်းတွေကလည်း လိူင်စင်မဲ့ကားတွေကို မောင်းနေကြတယ်။ ကျုံးကျေရွာက အကျင့်ပျက် ခြစားနေတဲ့ သစ်တောဝန်ထမ်းတွေ၊ ရဲစခန်းဝန်ထမ်းတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူ စိစစ်ပေးစေလိုပါတယ်။   တောင်ကုတ်မြို့၊ တပ်ရှောင်လမ်းက ကားဂိတ်ကြောင့် သွားလာရေးခက်ခဲ ရခိုင်ပြည်နယ် သံတွဲခရိုင်၊ တောင်ကုတ်မြို့၊ တပ်ရှောင်လမ်းမဟာ ရန်ခေါ်ကျေးရွာ ဆိပ်ကမ်းသစ် ခုတင်တရာ ဆေးရုံ၊ နာရေး နဲ့ ကျောင်းသူ၊ ကျောင်းသား အများပြည်သူများ သွားလာနေသော လမ်းမကြီး ဖြစ်ပါတယ်။ ကုတင် ၁၀၀ ဆေးရုံရှိသည့်အတွက် အရေးပေါ်လူနာတင်ကားများ၊ နာရေးပို့ဆောင်ခြင်းလုပ်ငန်းများ၊ ကျောင်းသူကျောင်းသားများ၊ အခြားသော သွားလာလှုပ်ရှား‌နေကြပါတယ်။  ဖော်ပြပါလမ်းမှာ ဖွင့်လှစ်ထားတဲ့ ကားဂိတ်က ပိတ်ဆို့ပြီး လူတင်လူချ/ကုန်တင်ကုန်ချ ပြုလုပ်နေတာကြောင့် သွားလာမှု နှောင့်နှေးနေကြရပါတယ်။ သို့ဖြစ်ပါ၍ ၎င်းလမ်းမပေါ်ရှိ ကားဂိတ်များ၊ လမ်းမပေါ်သို့ ထိုးထွက်နေသောအမိုးများ မည်သည့်ယာဉ် မဆို ဘာကြောင့်ရပ်ရပ် လမ်းလွတ်အောင်ရပ်ပြီး ကားဂိတ်အား ဖယ်ရှား ရှင်းလင်းပေးပါရန်နှင့် ကုန်တင်ကုန်ချ မပြုလုပ်ကြပါရန် သက်ဆိုင်ရာရုံးဌာနများ သိစေနိုင်ဖို့ တင်ပြလိုက်ရပါတယ်။ အောင်အောင်ထက်    စစ်တွေ လမ်းဘေးဈေးစည်ပင်ကိစ္စ ဖြေရှင်းပေးပါ ကျနော်တို့ စစ်တွေမြို့မှာ စည်ပင်က လမ်းဘေးစျေးသည်များ စျေးမရောင်းရ၊ လမ်းဘေးမှာအိမ်ဆောက်မည့် သဲမပုံရ ဆော်ဩပြီး သိပ်မကြာပါ။ စည်ပင်ကိုယ်တိုင် စျေးကောက်ပြီး စျေးသည်များ အုပ်စုလိုက် မနက် ၆ နာရီက ည ၆ နာရီချိန်ထိ မိုက်ကြေးခွဲပြီး တားမရနိုင်အောင် ဖွင့်လှစ်နေပါတယ်။ အိုးတန်းရပ်ကွက်၊ သာဇံလှလမ်းပေါ် စျေးသည်များအား သက်ဆိုင်ရာက ကွင်းဆင်း ကြည့်ရှုစေလိုပါတယ်။ မင်းမင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013