ပလက်ဝမြို့တွင် ညမထွက်ရ အမိန့်ထုတ်
DVB
·
November 9, 2019
ချင်းပြည်နယ် မင်းတပ်ခရိုင်က ပလက်ဝမြို့မှာ မိုင်းထောင်တာ၊ ချောင်းမြောင်း တိုက်ခိုက်တာတွေ ရှိနေတာကြောင့် တရားဥပဒေစိုးမိုးစေဖို့ ညမထွက်ရအမိန့်ကို နိုဝင်ဘာ ၉ ရက်က ထုတ်ပြန်လိုက်ပါတယ်။
တရားဥပဒေစိုးမိုးဖို့ ညနေ ၆ နာရီမှ မနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်လိုက်တာဖြစ်ပြီး ရက်ပေါင်း ၆၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်ကလည်း အန်အယ်လ်ဒီ ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနဲ့ အိန္ဒိယနိုင်ငံတွေအပါအဝင် ၁၀ ဦးတို့ကို အေအေဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားမှု ဖြစ်ပွားခဲ့ပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့မှာတော့ NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကလွဲပြီး ကျန်သူတွေကို ပြန်လွှတ်ပေးလိုက်ပါတယ်။
ကောင်းကောင်း