ရင်ဖွင့်စာ
DVB
·
November 3, 2019
Z lat
Ko Tay
ပေါင်းတည် အစိုးရသစ်တောကြိုးဝိုင်းမှ သစ်များ ညစဉ်ခိုးထုတ်နေ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် အရှေ့ ဘက် အစိုးရသစ်တောကြိုးဝိုင်းမှ သစ်များခိုးထုတ်နေကြသည်မှာ နှစ်ပေါင်းမနည်းတော့ပါ။   ပေါင်းတည်မြို့နှင့် မှတ်တိုင်ရွာတွင် ရဲစခန်းများရှိသော်လည်း တကြိမ်မှမဖမ်းပါ။ ကားကြီးကားငယ်များနှင့် ညစဉ်လို ခိုးထုတ်နေသည်ကို ရဲနှင့်မဆိုင်သလိုဖြစ်နေသည်မှာ နားမလည်နိုင်၍ အစိုးရလူကြီးများသိစေရန် တင်ပြလိုက်ပါသည်။ -အမည်မဖော်လိုသူတဦး ထိုင်း-မြန်မာ နှစ်နိုင်ငံကြား သောင်းရင်းမြစ် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်နေ ကျနော်တို့ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံကြားက သောင်းရင်းမြစ်ရေကို နွေအခါ အများစုသုံးစွဲနေကြရပါတယ်။ အဲဒီချောင်းထဲကို မြန်မာဘက်အခြမ်းက အမှိုက်များကို စနစ်တကျ မစွန့်ပြစ်ဘဲ ကိုယ့်အိမ်ကလွတ် ပြီးရော ထင်ရာလုပ်နေကြပါတယ်။ နှစ်နိုင်ငံအကြားမှာ ဖြစ်သည့် အတွက် စည်းကမ်းမရှိကြသည်ကို ပြသလိုဖြစ်နေသည့်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများသိအောင် အကူအညီတောင်းခံအပ်ပါသည်။ -Ko tay စည်ပင်ရေမရဖြစ်နေသည့် ချောက်မြို့ ကျနော်တို့ မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ စည်ပင်ရေ မရတာ တော်တော်ကြာပါပြီ။ သုံးရက်တစ်ခါ ပေးတဲ့ရေက ပုံထဲကအတိုင်းပါပဲခင်ဗျာ။ ရေလာနည်းလို့ ဖုန်းဆက်ရင်လည်း ရေပေးတဲ့သူကဖုန်းမကိုင်ပါဘူးခင်ဗျာ။ သက်ဆိုင်ရာကသိအောင် ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။ -ဇလပ်  ၄ ရက်၊ ၅ ရက်နေမှ ရေလာလို့ ယုဇနဥယျာဉ်မြို့တော်နေသူများ အခက်ကြုံနေ ကျနော်တို့ ယုဇနဥယျာဉ်မြို့တော် (ဒဂုံဆိပ်ကမ်းမြို့နယ်) မှာ ရေက ၄ ရက် ၅ ရက်မှ တခါလာပါတယ်။ ရေလာတော့လည်း အလုအရက် တင်ကြရတာပါ။ ရတဲ့သူကရ  မရတဲ့သူက မရ ကြပါ။ ရေဝယ်သုံးရင် တစည်ကို ၁၀၀၀ ကျပ်ပါ။ တခါတရံ ဝယ်သုံးရတာ ပြဿနာမရှိပေမယ့် အမြဲဝယ်သုံး ရရင်တော့ အဆင်မပြေပါ။ လွှတ်တော်ကိုယ်စားလှယ်ကြီးနဲ့ သက်ဆိုင်ရာတာဝန်ရှိသူများ အမြန်ဖြေရှင်းပေးစေချင်ပါတယ်။  -ဇော်မင်းလွင် ဗဟန်းစည်ပင် ခွင့်ပြုချက်မရှိဘဲ ခြံစည်းရိုး ကာရံထားမှု အမြန်ဆုံးရှင်းလင်းပေးပါ ကျနော်/ကျမတို့ ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက် ကြောင်မျက် ရှင်လမ်းတွင်နေထိုင်ကြသော လမ်းသူ/လမ်းသားများ ဖြစ်ကြပါသည်။ ကြောင်မျက်ရှင်လမ်းနှင့် ငမောက်လမ်း ထောင့်တွင် တိုက်ဆောက်လုပ်နေပါသည်။ စည်ပင်ခွင့်ပြုချက်မရှိဘဲ ခြံစည်းရိုးကို စည်ပင်ရေမြောင်းပေါ်တင်၍ ခြံခတ်ထားပါသည်။ ကျနော် ကျမတို့လမ်းသည် လမ်းကျဉ်းဖြစ်ပါ၍ အဝင်အထွက်အခက်အခဲ ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် စည်ပင်ခွင့်ပြုချက်မရှိဘဲ ခြံစည်ရိုး ကာရံခြင်းကို အမြန်ဆုံးရှင်းလင်းပေးပါရန်။  -ကြောင်မျက်ရှင်လမ်းသူလမ်းသားများ ဆိုင်ကယ်ကယ်ရီများကြောင့် အခက်ကြုံနေရသည့် သန်လျင် ဘုရားကုန်းရွာ ကျနော်တို့ သန်လျင်မြိုနယ်၊ ဘုရားကုန်းကျေးရွာ၊ ဘုရားကုန်းလမ်းဆုံတွင် ဈေးသည်များနှင့် ဆိုင်ကယ်ကယ်ရီများဟာ လမ်းမနှင့် ပလက်ဖောင်းကို နေရာအပြည့် ယူထားတာကြောင့်   ကျောင်းသားများနှင့် လမ်းသွားလမ်းလာများမှာ အခက်အခဲများစွာ ကြုံတွေ့နေရပါသဖြင့် သန်လျင်မြို့နယ် စည်ပင်သာယာမှ သိရှိဆောင်ရွက် ရှင်းလင်းပေးစေလိုကြောင်း ဒီဗွီဘီကတဆင့် တဆင့်ပြောပေးပါခင်ဗျ။ -မင်းခဝေ ကျနော့် ရန်ကင်းမိုးကောင်း ဘူတာရုံလမ်းမှာနေပါတယ်။ ဘူတာရုံလမ်းမကြီးတလျှောက် အမိုက်ပုံး အလုံအလောက် မရှိပါသောကြောင့် အမိုက်ပစ်သူများမှာလဲ လမ်းဘေးတွင် စည်းကမ်းမဲ့စွာပစ်ကြပါသည် ။ ထို့ကြောင့် လမ်းဘေးခွေးများမှာလဲ အမိုက်များကို လမ်းပေါတွင် ပြန့်ကျဲနေအောင်ဖွထားပါသည်။ မနက် (၆)နာရီရောက်လျှင် စည်ပင်ဝန်ထမ်းများမှာလည်း လိုအပ်သည်ထက်ပို၍ အလုပ်များသွားပါသည်။ ထိုကြောင့် အမိုက်ပုန်းများ စီစဉ်ပေးပါရန် အာဏာပိုင်များအား မေတ္တာ ရပ်ခံအပ်ပါသည်။  Bryan Lucas

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013