အေအေစစ်ဦးစီးချုပ်၏ ညီမနှင့် ယောက်ဖဖြစ်သူကို ရုံးထုတ်တရားစွဲ (ဓာတ်ပုံ)
DVB
·
November 1, 2019
အေအေ စစ်ဦးစီးချုပ်ရဲ့ ညီမဖြစ်သူ မမိုးနှင်းဖြူနဲ့ ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ကို ဖမ်းဆီးစစ်ဆေးနေရာမှာ ရမန်ကြီး ၂ ပတ်ပြည့်တာကြောင့် ဒီကနေ့ မရမ်းကုန်းမြို့တရားရုံးမှာ စတင်တရားစွဲဆိုပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပါတယ်။
သူတို့နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က)(ခ)(ဂ) တို့နဲ့ စတင်တရားစွဲခဲ့တာလို့ မရမ်းကုန်းမြို့နယ်တရားသူကြီး ပြန်ကြားရေးအရာရှိ ဦးမိုးဆွေက မီဒီယာတွေကို ပြောပါတယ်။
photo - MarNaw / MPA