ရွှေနဒီရေယာဉ်ပေါ်မှ အေအေ ဖမ်းဆီးသွားသူတချို့ကို ကယ်ဆယ်နိုင်ခဲ့ဟု တပ်မတော်ပြော
DVB
·
October 27, 2019
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေမျက်ကျေးရွာအနီးမှာ 'ရွှေနဒီ' အမြန်ယာဉ်ပေါ်ကနေ အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သူတချို့ကို တပ်မတော်က နယ်မြေရှင်းလင်ပြီး ကယ်ဆယ်ထားနိုင်ပြီလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ပြောခွင်ရ ဗိုလ်မှူးဝင်းဇော်ဦးက အတည်ပြုပြောကြားပါတယ်။
လတ်တလောမှာတော့ ကယ်ဆယ်ထားသူ အရေတွက်တော့ အတိအကျ မပြောနိုင်သေးဘဲ သေဆုံးဒဏ်ရာရတာ မရှိသလို အေအေအဖွဲ့က သေဆုံးတာတော့ရှိပြီး အရေတွက်တော့ အတိအကျ မပြောနိုင်သေးကာ အခုဖမ်းသွားတဲ့သူတွေက အေအေကို ဒုက္ခပေးတာ တဦးမှ မပါဘူးလို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေထဲက ထွက်ပြေးလွတ်မြောက်လာသူ ၁၂ ယောက်ကိုပဲ အဆက်အသွယ်ရရှိသေးတယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
အခုဖြစ်စဉ်မှာ တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦးနဲ့ အကျဉ်းဦးစီးဌာနက ဝန်ထမ်း ၂ ဦး၊ အရပ်သား ၁၃ ဦး စုစုပေါင်း ၅၈ တို့ကို အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ နိုင်ငံပိုင် သတင်းစာထဲမှာ ဖော်ပြထားပါတယ်။
တပ်မတော်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာကြောင့် ဖမ်းဆီးခေါ်သွားတဲ့သူတွေ အများအပြား သေဆုံးခဲ့ပြီး တချို့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ အေအေဘက်က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
ကောင်းကောင်း