ကမ္ဘာ့အဆင့် စက်ရုပ်ပြိုင်ပွဲ မြန်မာကျောင်းသား ၆ ဦး သွားရောက်ယှဉ်ပြိုင်မည်
DVB
·
October 19, 2019
ယူအေအီးနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့အဆင့် စက်ရုပ်ပြိုင်ပွဲကို မြန်မာနိုင်ငံက ကျောင်းသား ၆ ယောက် သွားရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
First Global Robotics Olympic 2019 ကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ အောက်တိုဘာ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ ကျောင်းသား ၆ ယောက်ဟာ ဇွန် ၁ ရက်နေ့က သိမ်ဖြူလက်ဝှေ့ကွင်းမှာ ပြုလုပ်တဲ့ နိုင်ငံအဆင့် စက်ရုပ်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့အသင်း ဖြစ်ပါတယ်။
ကမ္ဘာ့အဆင့် စက်ရုပ်ပြိုင်ပွဲဟာ ကမ္ဘာ့သမုဒ္ဒရာသယံဇာတ ညစ်ညမ်းမှုအား သန့်ရှင်းရေး လုပ်ဆောင်မှု သရုပ်ပြရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ပြုလုပ်တဲ့ First Global Challenge စွန့်ဦးတီထွင်လုပ်ငန်းပြိုင်ပွဲမှာ နံပါတ် ၆ နေရာရရှိခဲ့ဖူးပါတယ်။