သီတင်းကျွတ်လပြည့်နေ့ည ကျိုက်ထီးရိုးစေတီတော် လာရောက်ဖူးမြော်သူ များပြား
DVB
·
October 14, 2019
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)မှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးမှာ အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေနဲ့ စည်ကားနေပါတယ်။
ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ အခုလို သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်)နေ့မှာ ဘုရားရေသပ္ပာယ်တာ၊ ဘုရားပန်း ကပ်လှူပူဇော်တာ၊ ဆီမီးကပ်လှူတာ၊ ပုတီးစိပ်တာနဲ့ တရားဘာဝနာပွားများ မှတ်ယူတာ စတဲ့တာတွေကို အများဆုံး ပြုလုပ်လေ့ရှိပါတယ်။