Home
Lead Story
မြမြအကြောင်းရုပ်ရှင်တွင်  သင်ဇာဝင့်ကျော်နှင့် အတူ မြန်မာအိုင်ဒေါ ဖြိုးမြတ်အောင် သရုပ်ဆောင်မည်
DVB
·
September 17, 2019
70536275_1077994435924975_58060879735816192_n
အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးခဲ့တဲ့ မြမြအကြောင်း ကို ရိုက်ကူးမယ့် ရုပ်ရှင်ကားထဲမှာ မြန်မာအိုင်ဒေါတေးသံရှင် ဖြိုးမြတ်အောင်က ခေါင်း ဆောင်မင်းသားတဦးနေရာက ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မယ့် ဒီ ရုပ်ရှင်ကားထဲက အဓိကဇာတ်ကောင်တဦးဖြစ်တဲ့ မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရတဲ့ ကောင် မလေး မြမြနေရာမှာတော့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီး သင်ဇာ ဝင့် ကျော်က ပါဝင်မှာဖြစ်ပြီး ဒီအကြောင်းကို ဝိညာဉ်ဝင်ရောက်ပူးကပ်ခံရတဲ့ ကောင်မလေး ခင်ဇာခြည်လွင် နေရာမှာတော့ အငြိမ့်မင်းသမီး ဝင်းသပြေထွန်းက ပါဝင်ကြမှာ ဖြစ်ပါ တယ်။ ဒီရုပ်ရှင်ကားအတွက် လူကြမ်းသရုပ်ဆောင်သစ် လူရွေးပွဲကျင်းပချိန်ကတည်းက အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေရော၊ ချီးကျူးမှုတွေရော ရှိခဲ့ကာ လူပြောများ စိတ်ဝင်စားမှုတွေ မြင့်တက်နေခဲ့တာပါ။ လူကြမ်းသရုပ်ဆောင် ၃ ဦးနေရာအတွက် လျှောက်ထားသူဦးရေ ရာနဲ့ချီရှိခဲ့ပြီး စက်တင်ဘာလ ၈ ရက်နေ့မှာတော့ မုဒိန်းမှုတရားခံတွေနေရာကနေ သရုပ်ဆောင်မယ့် သရုပ်ဆောင်သစ်တွေဖြစ်ကြတဲ့ လင်းနေ၊ ကိုစိုင်း၊ မျိုးလှိုင်ဝင်းတို့ကို ရွေးချယ်ထားခဲ့ပါ တယ်။ မြမြအကြောင်းဟာ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပလူပျံအောင် လူပြောများခဲ့တဲ့ အကြောင်းအရာဖြစ်သလို ဒီအကြောင်းကို ထူးခြားတဲ့ ဇာတ်လမ်းဇာတ်အိမ်တွေကို ရိုက်ကူးတတ်တဲ့ ညိုမင်းလွင်ရိုက်ကူးပုံဖော်မယ့် သတင်း ဟာလည်း ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ ဖြစ်နေခဲ့တာပါ။ ဒီကားထဲမှာ ပါဝင်မယ့် အဓိက မင်းသား ၂ လက်ရှိပြီး တဦးကတော့ ဘလော့ဂ် ဂါတဦးအဖြစ် ပရိသတ်တွေရင်းနှီးကြတဲ့ ဒီးဒီးဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ကို မရွေးချယ်ခင်မှာတော့ တယောက်တည်းကျန်တော့တဲ့ မင်း သားနေရာမှာ ဘယ်သူဖြစ်မလဲဆိုတဲ့ သဲလွန်စတွေပေးခဲ့ပြီးမှ ထုတ်ဖော်ကြေငြာခဲ့တာ ပါ။ Myanmar Idol Season 3 ရဲ့ Winner ဖြိုးမြတ်အောင်ဟာ သီချင်းအဆိုကောင်း သူ၊ ပရိသတ်အမြောက်အမြားရှိသူတဦးဖြစ်တာမို့ သရုပ်ဆောင်ဘက်မှာရော ပီပီပြင်ပြင် သရုပ်ဆောင်သွားနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ကြရမှာပါ။ မြမြရုပ်ရှင်ကားထဲမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်မယ့် အကြောင်းကိုတော့ ဖြိုးမြတ်အောင်က သူ့ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာ ပေါ်မှတဆင့် “Another Step”ဆိုပြီး ရေးသားမျှဝေထားခဲ့တာကို တွေ့ရပါတယ်။
ျမျမအေၾကာင္း႐ုပ္ရွင္တြင္ သင္ဇာဝင့္ေက်ာ္ႏွင့္ အတူ ျမန္မာအိုင္ေဒါ ၿဖိဳးျမတ္ေအာင္ သ႐ုပ္ေဆာင္မည္ DVB အင္တာနက္လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ နာမည္ႀကီးခဲ့တဲ့ ျမျမအေၾကာင္း ကို ႐ိုက္ကူးမယ့္ ႐ုပ္ရွင္ကားထဲမွာ ျမန္မာအိုင္ေဒါေတးသံရွင္ ၿဖိဳးျမတ္ေအာင္က ေခါင္း ေဆာင္မင္းသားတဦးေနရာက ပါဝင္သ႐ုပ္ေဆာင္မွာ ျဖစ္ပါတယ္။ ဒါ႐ိုက္တာ ညိဳမင္းလြင္ရဲ႕ ညေက်ာင္း႐ုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္မယ့္ ဒီ ႐ုပ္ရွင္ကားထဲက အဓိကဇာတ္ေကာင္တဦးျဖစ္တဲ့ မုဒိမ္းက်င့္သတ္ျဖတ္ခံခဲ့ရတဲ့ ေကာင္ မေလး ျမျမေနရာမွာေတာ့ ပရိသတ္အခ်စ္ေတာ္ သ႐ုပ္ေဆာင္မင္းသမီး သင္ဇာ ဝင့္ ေက်ာ္က ပါဝင္မွာျဖစ္ၿပီး ဒီအေၾကာင္းကို ဝိညာဥ္ဝင္ေရာက္ပူးကပ္ခံရတဲ့ ေကာင္မေလး ခင္ဇာျခည္လြင္ ေနရာမွာေတာ့ အၿငိမ့္မင္းသမီး ဝင္းသေျပထြန္းက ပါဝင္ၾကမွာ ျဖစ္ပါ တယ္။ ဒီ႐ုပ္ရွင္ကားအတြက္ လူၾကမ္းသ႐ုပ္ေဆာင္သစ္ လူေ႐ြးပြဲက်င္းပခ်ိန္ကတည္းက အင္တာနက္လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ ေဝဖန္မႈေတြေရာ၊ ခ်ီးက်ဴးမႈေတြေရာ ရွိခဲ့ကာ လူေျပာမ်ား စိတ္ဝင္စားမႈေတြ ျမင့္တက္ေနခဲ့တာပါ။ လူၾကမ္းသ႐ုပ္ေဆာင္ ၃ ဦးေနရာအတြက္ ေလွ်ာက္ထားသူဦးေရ ရာနဲ႔ခ်ီရွိခဲ့ၿပီး စက္တင္ဘာလ ၈ ရက္ေန႔မွာေတာ့ မုဒိန္းမႈတရားခံေတြေနရာကေန သ႐ုပ္ေဆာင္မယ့္ သ႐ုပ္ေဆာင္သစ္ေတြျဖစ္ၾကတဲ့ လင္းေန၊ ကိုစိုင္း၊ မ်ိဳးလႈိင္ဝင္းတို႔ကို ေ႐ြးခ်ယ္ထားခဲ့ပါ တယ္။ ျမျမအေၾကာင္းဟာ ေဖ့စ္ဘြတ္ခ္အင္တာနက္ လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ ပလူပ်ံေအာင္ လူေျပာမ်ားခဲ့တဲ့ အေၾကာင္းအရာျဖစ္သလို ဒီအေၾကာင္းကို ထူးျခားတဲ့ ဇာတ္လမ္းဇာတ္အိမ္ေတြကို ႐ိုက္ကူးတတ္တဲ့ ညိဳမင္းလြင္႐ိုက္ကူးပုံေဖာ္မယ့္ သတင္း ဟာလည္း ပရိသတ္ေတြအတြက္ စိတ္ဝင္စားစရာ ျဖစ္ေနခဲ့တာပါ။ ဒီကားထဲမွာ ပါဝင္မယ့္ အဓိက မင္းသား ၂ လက္ရွိၿပီး တဦးကေတာ့ ဘေလာ့ဂ္ ဂါတဦးအျဖစ္ ပရိသတ္ေတြရင္းႏွီးၾကတဲ့ ဒီးဒီးျဖစ္ပါတယ္။ ၿဖိဳးျမတ္ေအာင္ကို မေ႐ြးခ်ယ္ခင္မွာေတာ့ တေယာက္တည္းက်န္ေတာ့တဲ့ မင္း သားေနရာမွာ ဘယ္သူျဖစ္မလဲဆိုတဲ့ သဲလြန္စေတြေပးခဲ့ၿပီးမွ ထုတ္ေဖာ္ေၾကျငာခဲ့တာ ပါ။ Myanmar Idol Season 3 ရဲ႕ Winner ၿဖိဳးျမတ္ေအာင္ဟာ သီခ်င္းအဆိုေကာင္း သူ၊ ပရိသတ္အေျမာက္အျမားရွိသူတဦးျဖစ္တာမို႔ သ႐ုပ္ေဆာင္ဘက္မွာေရာ ပီပီျပင္ျပင္ သ႐ုပ္ေဆာင္သြားႏိုင္မလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ၾကရမွာပါ။ ျမျမ႐ုပ္ရွင္ကားထဲမွာ ေခါင္းေဆာင္မင္းသားအျဖစ္ ပါဝင္မယ့္ အေၾကာင္းကိုေတာ့ ၿဖိဳးျမတ္ေအာင္က သူ႔ရဲ႕ တရားဝင္ေဖ့စ္ဘြတ္ခ္အင္တာနက္လူမႈကြန္ရက္စာမ်က္ႏွာ ေပၚမွတဆင့္ “Another Step”ဆိုၿပီး ေရးသားမွ်ေဝထားခဲ့တာကို ေတြ႕ရပါတယ္။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013