Home
ရုပ်သံ
လူမင်း၊ ထူးအောင်၊ အိန္ဒြာကျော်ဇင်နှင့် ရွှေအိမ်စည်တို့ ပါဝင်သည့် ဂျင်ပါတီ ရုပ်ရှင် (နမူနာ)
DVB
·
August 20, 2019
Untitled-1
နာမည်ကြီး ဝါရင့်သရုပ်ဆောင်တွေရော၊ မျက်နှာသစ်သရုပ်ဆောင်တွေပါ အများကြီး ပါဝင်ထားကြတဲ့ ပေါ့ပေါ့ပါးပါး ဟာသရုပ်ရှင်-ဂျင်ပါတီကို လာမယ့် သြဂုတ်လ ၂၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Bo Bo Entertainment က တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကတော့ ရာဇဝင်ကို၊ သက်ဦးမောင်၊ မင်းတော်ဝင်တို့ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ သရုပ်ဆောင်တွေ အများကြီးက ပါဝင်ထားကြတာဖြစ်ပြီး ဂျင်ပါတီဆိုတဲ့အတိုင်း သူ့ထက်ငါလည်တဲ့ သူတွေ တယောက်နဲ့တယောက် ဘယ်လို အ ကျော်အခွ၊ အလှည့်အပတ်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ သရုပ်ဆောင်ထားကြမလဲဆို တာကိုတော့ ရုံတင်ပြသချိန်မှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ရန်အောင်၊ လူမင်း၊ မင်းမော်ကွန်း၊ ရဲရင့်အောင်၊ ထူးအောင်၊ အိန္ဒြာကျော်ဇင်၊ ယဉ်လတ်၊ ရွှေအိမ်စည်တို့နဲ့အတူ တခြား ဟာသ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က ရန် ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ကို လတ်တလော အချိန်ထိ ဝင် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။
လူမင္း၊ ထူးေအာင္၊ အိျႏၵာေက်ာ္ဇင္ႏွင့္ ေ႐ႊအိမ္စည္တို႔ ပါဝင္သည့္ ဂ်င္ပါတီ ႐ုပ္ရွင္ (နမူနာ) DVB နာမည္ႀကီး ဝါရင့္သ႐ုပ္ေဆာင္ေတြေရာ၊ မ်က္ႏွာသစ္သ႐ုပ္ေဆာင္ေတြပါ အမ်ားႀကီး ပါဝင္ထားၾကတဲ့ ေပါ့ေပါ့ပါးပါး ဟာသ႐ုပ္ရွင္-ဂ်င္ပါတီကို လာမယ့္ ၾသဂုတ္လ ၂၂ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ Bo Bo Entertainment က တင္ဆက္လိုက္တဲ့ ဒီ႐ုပ္ရွင္ကားကေတာ့ ရာဇဝင္ကို၊ သက္ဦးေမာင္၊ မင္းေတာ္ဝင္တို႔ရဲ႕ ဇာတ္လမ္းကို ဒါ႐ိုက္တာ ရာဇဝင္ကိုက ႐ိုက္ကူးပုံ ေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ သ႐ုပ္ေဆာင္ေတြ အမ်ားႀကီးက ပါဝင္ထားၾကတာျဖစ္ၿပီး ဂ်င္ပါတီဆိုတဲ့အတိုင္း သူ႔ထက္ငါလည္တဲ့ သူေတြ တေယာက္နဲ႔တေယာက္ ဘယ္လို အ ေက်ာ္အခြ၊ အလွည့္အပတ္ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ သ႐ုပ္ေဆာင္ထားၾကမလဲဆို တာကိုေတာ့ ႐ုံတင္ျပသခ်ိန္မွာ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီကားထဲမွာ သ႐ုပ္ေဆာင္မင္းသားမင္းသမီးေတြျဖစ္ၾကတဲ့ ရန္ေအာင္၊ လူမင္း၊ မင္းေမာ္ကြန္း၊ ရဲရင့္ေအာင္၊ ထူးေအာင္၊ အိျႏၵာေက်ာ္ဇင္၊ ယဥ္လတ္၊ ေ႐ႊအိမ္စည္တို႔နဲ႔အတူ တျခား ဟာသ သ႐ုပ္ေဆာင္ေတြလည္း အမ်ားႀကီး ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၉ ရက္ေန႔က ရန္ ကုန္ၿမိဳ႕၊ သမၼတ ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ေဖ့စ္ဘြတ္ခ္ေပၚမွာေတာ့ ဒီ႐ုပ္ရွင္ကား Trailer ကို လတ္တေလာ အခ်ိန္ထိ ဝင္ ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၃ သန္းနီးပါး ရွိေနခဲ့တာ ျဖစ္ပါတယ္။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013