Home
မြန်မာသတင်း
မိုက်ကယ်ကျော်မြင့်နှင့် ဦးသီဟမျိုးနိုင်တို့ကို ရုံးထုတ်စစ်ဆေး 
DVB
·
July 26, 2019
mk
ရန်ကုန်မြို့  ဒဂုံမြို့သစ်တောင်ပိုင်း ၂၆ ရပ်ကွက်မှာ ဘာသာရေးအကြောင်းပြု ဆူပူမှုဖြစ်အောင် ဖန်းတီးခဲ့တဲ့ မိုက်ကယ်ကျော်မြင့်နဲ့ ဦးသီဟမျိုးနိုင်တို့ကို ဇူလိုင် ၂၆ ရက်က တောင်ဒဂုံမြို နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။ ဒီနေ့ ရုံးချိန်းမှာ တရားလိုပြသက်သေအဖြစ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးကို အပြီးသတ်စစ်ဆေးခဲ့ပြီး သြဂုတ် ၂ ရက်နေ့ နောက်ထပ် ရုံးချိန်းမှာတော့ တောင်ဒဂုံ ၂၆ ရပ်ကွက်က အုပ်ချုပ်ရေးမှူးကို စစ်ဆေးမှာပါ။ မိုက်ကယ်ကျော်မြင့်တို့ ဒီကနေ့ တရားရုံးကို အချုပ်ကားနဲ့ ရောက်လာချိန်မှာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ဦး၂၀လောက်က  လာရောက်ဝန်းရံ အားပေးခဲ့ကြပါတယ်။ မိုက်ကယ်ကျော်မြင့်နဲ့ ဦးသီဟမျိုးနိုင်တို့ကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နဲ့အမှုဖွင့် စစ်ဆေးနေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013