Homeမြန်မာသတင်း
ကိဗ်မြို့ရုပ်သံလွှင့်ရုံ ဗုံးဖြင့်တိုက်ခိုက်ခံခဲ့ရသည့် စီစီတီဗွီမှတ်တမ်း ထွက်ပေါ် (ရုပ်သံ)
ကိဗ်မြို့ရုပ်သံလွှင့်ရုံ ဗုံးဖြင့်တိုက်ခိုက်ခံခဲ့ရသည့် စီစီတီဗွီမှတ်တမ်း ထွက်ပေါ် (ရုပ်သံ)
DVB
·
July 21, 2019
အတိုက်အခံရွေးကောက်ပွဲ ကိုယ်စားလှယ်တဦးပိုင်ဆိုင်တဲ့ ယူကရိန်းနိုင်ငံ ကိဗ်မြို့က ရုပ်သံလွှင့်ရုံကို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။
ဇူလိုင် ၁၃ ရက်နေ့က တိုက်ခိုက်မှုကြောင့် ပျက်စီးမှုတွေရှိခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိသူတော့ မရှိခဲ့ပါဘူး။ အမည်မသိ တိုက်ခိုက်သူတဦးက ကိဗ်မြို့အနောက် ပိုင်းမှာရှိတဲ့ ၁၁၂ တီဗွီရုပ်သံ အဆောက်အဦကို ဗုံးနဲ့တိုက်ခိုက်ခဲ့တာလို့ ရဲတပ်ဖွဲ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ဒီဖြစ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြောပါတယ်။
၁၁၂ ရုပ်သံလိုင်းကလည်း သူတို့အဆောက်အဦကို တိုက်ခိုက်တဲ့ စီစီတီဗွီမှတ်တမ်းကို ထုတ်လွှင့်ခဲ့ပါတယ်။
ဒီရုပ်သံလိုင်းမှာ ရုရှားကိုထောက်ခံတဲ့ ယူကရိန်းသမ္မတဟောင်း ဗစ်တာယာနူကိုဗစ် မကြာခဏဆိုသလို မိန့်ခွန်းပြော ကြားလေ့ရှိပါတယ်။
ယာနူကိုဗစ်ဟာ ၄င်းကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲများကြောင့် ၂၀၁၄ ခုနှစ်မှာ ရုရှားနိုင်ငံကို ထွက်ပြေးခဲ့ရသူဖြစ်ပါတယ်။
ဒီရုပ်သံလိုင်းကို ရုရှားနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့ အတိုက်အခံပလက်ဖောင်း ပါတီ အဖွဲ့ဝင်တာရစ် ကိုဇတ်က ၉၉ ရာခိုင်နှုန်းပိုင်ဆိုင်ထားပါတယ်။
ကိုဇတ်ဟာ ပြုလုပ်နေပြီဖြစ်တဲ့ ယူကရိန်းလွတ်တော် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် တဦးအဖြစ် စာရင်းပေးသွင်းထားသူ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုမဖြစ်ခင် ရုပ်သံလိုင်းရဲ့ သတင်းထောက်ကိုလည်း ယူကရိန်း အမျိုးသားရေးဝါဒီတွေက အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ရုပ်သံလိုင်းရဲ့ မန်နေဂျာတွေက ပြောပါတယ်။