Home
မြန်မာသတင်း
ဖမ်းဆီးခံ ကျောင်းသားများပြန်လွှတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆို
သူဇာလင်း
·
July 20, 2019
dssd4
dssd3
dssd2
dssd1
dssd
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေ ပြန်လွှတ်ပေးရေးနဲ့ ဖိနှိပ်အဆောင်စည်းကမ်းတွေ ဖျက်သိမ်းပေးရေးအတွက်  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ အဖွဲ့ချုပ်) က ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လ ၂၀ ရက်နေ့က ရန်ကုန်တက္ကသိုလ်ကို လာရောက်တဲ့အချိန်မှာ အခုလို တောင်းဆိုခဲ့ကြတာပါ။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဖိနှိပ် အဆောင်စည်းကမ်းများ ဖျက်သိမ်းပေးရေး၊ ကျောင်းသူတွေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှုတွေကို အရေးယူ ဆောင်ရွက်ပေးရေး၊ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားများအား ပြန်လွှတ်ပေးရေး၊ မတရားဖမ်းဆီးခံထားရသော မန္တလေးတိုင်း အောင်သပြေကျေးရွာက ကိုးတန်းကျောင်းသား မောင်တူးဝေယံကို ပြန်လွှတ်ပေးရေး စတဲ့ဗီနိုင်းတွေ ကိုင်ဆောင် တောင်းဆိုခဲ့ကြတာပါ။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိသစ္စာခံယူတဲ့နေ့မှာ ရန်ကုန်တက္ကသိုလ် သွားရောက်စဉ် ဆန္ဒထုတ်ဖော်ခံခဲ့ရတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013