Home
သတင်းဓာတ်ပုံ
ဗစ်တိုးရီးယားအတွက် အမှုမှန် အမြန်ဆုံးဖော်ထုတ်ပေးရန် မုံရွာတွင် ဆန္ဒပြ
Aung Ko Latt
·
July 9, 2019
protests for Victoria in Monywa09
protests for Victoria in Monywa08
protests for Victoria in Monywa07
protests for Victoria in Monywa06
protests for Victoria in Monywa05
protests for Victoria in Monywa04
protests for Victoria in Monywa03
protests for Victoria in Monywa02
protests for Victoria in Monywa01
နေပြည်တော် မူကြိုကျောင်းတခုမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရတဲ့ အသက် ၃ နှစ်အရွယ် မူကြိုကျောင်းသူ ဗစ်တိုးရီးယားအတွက် တရားခံအစစ်အမှန် ဖော်ထုတ်ပြီး ဥပဒေအရ ထိထိရောက်ရောက် အမြန်ဆုံး အရေးယူပေးဖို့ ဇူလိုင် ၉ ရက်နေ့က မုံရွာမြို့မှာ မြို့ခံတွေက ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာပါဝင်တဲ့ မြို့ခံကလေးမိဘတဦးက "ကျမတို့မှာလည်း ဗစ်တိုးရီးယားလို လူမမယ် အရွယ်မရောက်သေးတဲ့ ရင်သွေးငယ်တွေရှိတယ်။ အဲဒီအတွက်လည်း စိုးရိမ်တယ်။ နောက်ထပ် ဗစ်တိုးရီးယားလို အဖြစ်မျိုး ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံမှာ မဖြစ်စေချင်ဘူး။ ဒီအတွက် လာရောက်ပူးပေါင်းတာဖြစ်ပါတယ်" လို့ ပြောပါတယ်။ ဒီဆန္ဒပြပွဲကို မြို့တော်ခန်းမရှေ့က စတင်ကာ သာစည်လမ်း၊ ပေ ၈၀ လမ်း၊ ကျောက္ကာလမ်း၊ ဗိုလ်ချုပ်လမ်းတွေအတိုင်း ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြရာလမ်းတလျှောက် ဗစ်တိုးရီးယားအတွက် တရားမျှတမှု ရှာဖွေပေးရေး၊ ကလေးသူငယ်များအတွက် လွတ်လပ်လုံခြုံတဲ့ ပတ်ဝန်းကျင် ဖန်တီးပေးရေး၊ နောက်ထပ် ဗစ်တိုးရီးယား အလိုမရှိ စတဲ့ကြွေးကြော်သံတွေကိုလည်း ကြွေးကြော်ခဲ့ကြပါတယ်။ ဗစ်တိုးရီးယားအတွက် အမှုမှန် ပေါ်ပေါက်ရေး ဆန္ဒပြပွဲတွေကို မုံရွာအပြင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနဲ့ တခြား မြို့ကြီးတွေမှာလည်း ပြုလုပ်နေကြပါတယ်။  

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013