မြောင်းမြခရိုင်တွင် သဘာဝဘေးကြောင့် သီးနှံများပျက်စီးမှုအတွက် ထောက်ပံ့ငွေများပေးအပ်
DVB
·
June 7, 2019
၂၀၁၈ ခုနှစ် မိုးရာသီမှာ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံတွေပျက်စီးမှုအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမမှာ ဒီနေ့မနက်က ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားမှာ ခရိုင်အုပ်ချုပ်ရေးမှူးက သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့တဲ့ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်မှ သီးနှံစိုက်ဧက ၁၀၃၁၃ အတွက် ထောက်ပံ့ငွေကျပ် ၁၀၃၁ ဒသမ ၃ သိန်းပေးအပ်ခဲ့ပါတယ်။
ဒါ့အပြင် သီးနှံစိုက်ဧက ၁၄၅၆ ပျက်စီးခဲ့တဲ့ ဝါးခယ်မမြို့နယ်အတွက် ထောက်ပံ့ငွေကျပ် ၁၄၅ ဒသမ ၆ သိန်းကိုလည်း ပေးအပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးတွေက မြို့နယ်များကိုယ်စား လက်ခံရယူခဲ့ကြပါတယ်။
အခမ်းအနားကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းမြင့်
ခရိုင်စီမံကိန်းဦးစီးမှူး ဦးသက်နိုင်၊ အိမ်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်ထွေး၊ ဝါးခယ်မမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နဲ့ ခရိုင်/မြို့နယ်က စိုက်ပျိုးရေး အရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။