ဟင်္သာတမြို့တွင် မီးလောင်၊ နေအိမ် ၂ လုံးဆုံးရှုံး
DVB
·
May 25, 2019
ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ မေလ ၂၄ ရက် မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၂ လုံးနဲ့ ဈေးဆိုင် ၁ ဆိုင် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ဟင်္သာတမြို့ ရေတံခွန် ၄ လမ်းမှာရှိတဲ့ ဓာတ်တိုင်မီးကြိုးကနေ ဝါယာရှော့ဖြစ်ကာ မီးလောင်ပြတ်ကျပြီးနောက် နေအိမ်အတွင်းပိုင်းထဲက မီးခိုးတွေထွက်လာကာ မီးလောင်ကျွမ်းခဲ့တာလို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။
အဲဒီလို မီးလောင်ကျွမ်းခဲ့တဲ့အတွက် နေအိမ် ၂ လုံးနဲ့ ဈေးဆိုင် ၁ ဆိုင်ဆုံးရှုံးခဲ့ရပြီး ခန့်မှန်းတန်ဖိုး ၄၃ သိန်းကျော်ဖိုး ဆုံးရှုံးခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။
အဲဒီလိုမီးလောင်ခဲ့တဲ့အတွက် မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင်ကိုတော့ ဟင်္သာတမြို့နယ်ရဲစခန်းက အမှုဖွင့်ဆောင်ရွက်ထားပါတယ်။
၂၀၁၉ ခုနှစ်အတွင်း ဟင်္သာတမြို့နယ်ထဲမှာ မီးလောင်ကျွမ်းမှုဟာ ပထမဦးဆုံး အကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။