Home
မြန်မာသတင်း
ဖားကန့် ကျောက်စိမ်းတူးဖော်မှုကို အွန်လိုင်းမှ အချိန်မရွေးစောင့်ကြည့်နိုင်တော့မည်
စိုးမိုးအောင်
·
May 24, 2019
fk
ကချင်ပြည်နယ်၊ ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်မှုတွေကို အချိန်မရွေးကြည့်ရှုလို့ ရမယ့် ဆော့ဝဲလ်တခုကို ကမ္ဘာ့ဘဏ်အကူအညီနဲ့ လုပ်နေတယ်လို့ ခန့်ရွှေပြည်ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးဇော်ဘိုခန့်က ပြောပါတယ်။ ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်မှုတွေလုပ်တဲ့အခါ ကျောက်စိမ်းမိုင်းတွေရဲ့ တည်နေရာ အကျယ်အ၀န်း၊ ပိုင်ရှင်အမည်စတဲ့ အသေးစိတ် အချက်အလက်တွေကို ဆော့ဝဲလ် တခုနဲ့ လူမှုကွန်ရက် မီဒီယာအပေါ် တင်ပြလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ “ဧရိယာအနေအထား၊ အနိမ့်အမြင့်၊ ဘယ်သူပိုင်တယ်။ ဘယ်သူလုပ်ပေးတယ်ဆိုတဲ့ဟာက ကျနော်တို့ ဆော့ဝဲလ်တခုနဲ့ နောက်ဆိုရင်ဝက်ဆိုက်မှာ တင်ပေးမှာ။ အရမ်းပွင့်လင်းမြင်သာပီ” လို့ ဦးဇော်ဘိုခန့်က ပြောပါတယ်။ ကျောက်စိမ်းတူးဖော်တဲ့အခါ သတင်းအချက်အလက် အတိအကျရရှိနိုင်ဖို့ ကမ္ဘာ့ဘဏ်ကနေ ငွေကြေးထောက်ပံ့ခဲ့တာဖြစ်ပြီး ပညာရှင်တွေကိုလည်း တင်ဒါနဲ့ခေါ်ယူထားပြီး ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013