ခန္တီးမြို့တွင် ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုထောက်ခံပွဲ ပြုလုပ်
DVB
·
May 19, 2019
စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထု ထောက်ခံပွဲကို ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
လူအင်အား ၅၀၀ လောက်က ကင်းတော်ကူးတို့ဆိပ်ကနေ ကမ်းနားလမ်း၊ ဈေးလမ်း၊ ဘုရက့်နောင်လမ်း ကနေလမ်းလျှောက်လာခဲ့ပြီး မြို့တွင်းလှည့်လည် ဆန္ဒပြခဲ့ကြတာပါ။
”ပြည်သူ့ဆန္ဒမပါဘဲ ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒနဲ့ ထပ်တူကျအောင် ပြင်ဆင်စေချင်ပါတယ်။ ခြေခံဥပဒေပြင်ဆက်ဖို့ လူတိုင်းမှာ တာဝန်ရှိတယ်၊ လိုလားနေတဲ့ ငြိမ်းချမ်းရေးကို အခြေခံဥပဒေပြင်နိုင်မှရမယ်လို့ လူထုထောက်ခံပွဲ ဦးဆောင်ကော်မတီမှ ဦးမောင်ဆန်းက ပြောပါတယ်။
ခန္တီးမြို့ဘောလုံးအားကစားကွင်းမှာ စာရေးဆရာ ထင်လင်းဦးနဲ့ တောင်လုံးပြန်တို့က အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ကြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲတွေကို နိုင်ငံတဝန်း မြို့အတော်များများမှာ ကျင်းပနေကြပါတယ်။
သတင်း၊ ဓာတ်ပုံအောင်ဆန်းမြင့်