လေယာဉ်ဆီတင်ဆောင်လာသည့် ဆီဘောင်ဆာတွဲယာဉ် မီးလောင်
DVB
·
May 17, 2019
ရေနံချောင်းမြို့ မြို့ရှောင်လမ်းခွဲ၊ မိုင်တိုင်အမှတ် ၈ မိုင်နဲ့ ၇ မိုင် ၇ ဖာခုံ ကြားမှာ မေ ၁၆ ရက် နေ့လယ် ၁ နာရီလောက်က လေယာဉ်ဆီတွေ တင်ဆောင်လာတဲ့ ၂၂ ဘီးကား မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
လေယာဉ်ဆီတွေကို မန်းသံပုရာကန်ကနေ တင်ဆောင်လာပြီး မန္တလေးမြို့၊ တံတားဦးကို သွားရောက်မယ့် ၂၂ ဘီး ဆီဘောင်ဆာတွဲယာဉ်ဟာ အဆိုပါ နေရာအရောက်မှာ ကားဘီး ဘရိတ်ရှူးကပ်ပြီး အပူလွန်ကဲ မီးလောင်ခဲ့တာပါ။
အခင်းဖြစ်နေရာကို မြို့နယ်မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ဌာနက မီးငြှိမ်းသတ်ယာဉ် ၂ စီးနဲ့ ရေသယ်ယာဉ် ၁ စီးတို့နဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ပါတယ်။
မီးလောင်မှုဖြစ်စဉ်ကြောင့် မိတ္ထီလာမြို့နေ ယာဉ်မောင်း ကိုဌေးအောင် ၃၈ နှစ်ကို ရေနံချောင်းမြို့ လက်မှတ်ကုန်း နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ-၂၈၅ နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။
သတင်း- ကိုလင်း(ချောက်)