ဖျာပုံမြို့နယ်တွင် မီးလောင်၊ လူနေအိမ်နှင့်စပါးကျီ ၁၄ လုံး ဆုံးရှုံး
DVB
·
May 11, 2019
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ဗျိုင်းကဇီးကျေးရွာမှာ မေ ၁၁ ရက်နေ့ မနက်အစောပိုင်းက လူနေအိမ် ၈ လုံးနဲ့ စပါးကျီ ၆ လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။
ဗျိုင်းကဇီးကျေးရွာက ဦးထိန်ဝင်းရဲ့ စပါးကျီကနေ မေ ၁၁ ရက်နေ့ မနက် ၁ နာရီခွဲလောက်က မီးစတင်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
မီးလောင်တဲ့နေရာကို ဖျာပုံခရိုင် တာဝန်ရှိသူတွေ၊ မီးသတ်တပ်ဖွဲ့နဲ့ ပြည်သူအင်အား ၂၀၀ လောက်က မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၂ စီးတို့နဲ့ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၂ နာရီကျော်မီမှာ မီးငြိမ်းသွားတယ်လို့ ဖျာပုံခရိုင်မီးသတ်ဦးစီးဌာနက သိရပါတယ်။
မီးလောင်မှုကြောင့် နေအိမ် ၈ လုံး နဲ့ စပါးကျီ ၆ လုံး မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှု တန်းဖိုး သိန်း ၁၇၀၀ ဖိုးလောက် ရှိတယ်လို့ သိရပါတယ်။
အဆိုပါ မီးဘေးသင့် အိမ်ထောင်စု (၈) စုအတွက် ဗျိုင်းကဇီးကျေးရွာ အ.လ.က စာသင်ကျောင်းမှာ ခေတ္တယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပြီး ဖျာပုံခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက ကယ်ဆယ်ရေး ပစ္စည်း ၁၁ မျိုး ကူညီထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိပါတယ်။
ကျော်စိုးမိုး