Home
မြန်မာသတင်း
မန္တလေးလျှပ်စစ်မီးပြတ်တောက်မှု လျှပ်စစ်ဝန်ကြီး တောင်းပန်
DVB
·
May 4, 2019
ele
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့မှာ လျှပ်စစ်မီးပြတ်တောက်နေမှုအတွက် ပြည်သူကို တောင်းပန်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ် စွမ်းအင် နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က ပြောပါတယ်။ “ကျနော်တို့က သာမန်ပြည်သူတွေပဲ။ အဲဒီတော့ ပြောချင်တာက ရာသီဥတု ပူပြင်းတဲ့ဒဏ်ကို ခံထားရတော့ ပြည်သူတွေအတွက် ဓာတ်အားကို လုံလုံလောက်လောက်ဖြစ် အောင် တတ်နိုင်သလောက် ကျနော်တို့ ကြိုးစားပါ့မယ်။ ဒီနှစ်မှာကြုံနေရတဲ့ ဓာတ်အားပြတ်တောင်မှု မလုံလောက်တာတွေအတွက် ပြည်သူလူထုကို ကျနော်တို့ အနူးအညွတ်တောင်းပန်ပါတယ်။” ဒီနှစ် နွေရာသီ အပူချိန်ပိုမြင့်မားတဲ့အတွက် လျှပ်စစ်သုံးစွဲတဲ့ ပမဏလည်း ပိုများပေမယ့် ဓာတ်အားလိုအပ်ချက်ကတော့ ရှိနေပါတယ်။ ၂၀၁၈ ခုနှစ် နွေရာသီနဲ့ နှိုင်းယှဉ်ပါက မြန်မာတနိုင်ငံလုံးရှိ ဆည်ကြီးတွေမှာ ရေအမှတ် ၁၄ ပေ လောက် လျော့ကျနေတယ်လို့ ဆိုပါတယ်။ လတ်တလောမှာ မိုးရာသီ မုတ်သုန်ဝင်လာမယ့် အချိန်ထိ ရေကိုချွေတာ သုံးစွဲနေရတဲ့အတွက် လျှပ်စစ်မီးမလုံလောက်တာဖြစ်ပြီး ရန်ကုန်မှာ မေလ ၁၅ ရက်နေ့ မုတ်သုန်ဝင်မှာ ဖြစ်ပေမယ့် တနိုင်ငံလုံး အနေအထားနဲ့ကတော့ မုတ်သုန်ဝင်ချိန်ဟာ ဇွန် ၁၅ ရက်နေ့ ဖြစ်တယ်လို့ သိရပါတယ်။ နိုင်လင်းဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024