Home
မြန်မာသတင်း
ကျောက်ဖြူ ထွေအုပ်ရုံးခြံဝင်းအတွင်း ထောင်ထားသည့် လက်လုပ်မိုင်း တွေ့ရှိ
DVB
·
April 27, 2019
mine3
mine2
mine1
mine
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခြံဝင်းမှာ ထောင်ထားတဲ့ လက်လုပ်မိုင်းတလုံး တွေ့ရှိခဲ့တယ်လို့ ကျောက်ဖြူရဲစခန်းက ပြောပါတယ်။ ကျောက်ဖြူမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ခြံဝင်း ဒုခရိုင်အုပ်ချုပ်ရေးမှူး နေထိုင်တဲ့ အိမ်ရှေ့အနီးရှိ သရက်ပင်အောက်မှာ မနေ့ မနက် ၈ နာရီကျော်က တွေ့ရှိခဲ့တာပါ။ တောင်ကုတ်မြို့နယ်ရှိ BE တပ်မှ ဗုံးကျွမ်းကျင်တဲ့အဖွဲ့က လာရောက်ရှင်းလင်းရာမှာ ကွန်ကျုပိုက် (အပြာရောင်) အချင်း ၄ လက်မ၊ အမြင့် ၆ လက်မ၊ ဒီတိုနေတာ ၂ ချောင်းနဲ့ ပြုလုပ်ထားပြီး 590 လို့ ရေးထားတဲ့ ရီမုမိုင်းအမျိုးအစား ဖြစ်ကြောင်း BE တပ်တာဝန်ရှိသူတွေက စိစစ်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ကျောက်ဖြူမြို့မရဲစခန်း ရဲမှူး အောင်မော်က “လက်လုပ်မိုင်းပါပဲ၊ အရင်ဖြစ်တဲ့ဟာနဲ့ ဆက်စပ်မှုရှိမရှိ ပြောလို့မရသေးပါဘူး၊ ဆက်လက်စိစစ်နေပါတယ်။” ကျောက်ဖြူမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေပိုင်းကလည်း ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ပြီး သန့်ရှင်းရေးဆောင်ရွက်နေတဲ့ ထွေအုပ်ဝန်ထမ်း ၇ ဦးနဲ့ မီးသတ်ဌာနမှ ၀န်ထမ်း ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ နောင်နောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013