Home
မြန်မာသတင်း
မော်လိုက်ကလေး အကျဉ်ထောင်မှ အကျဉ်းသား ၆၀၀ ကျော်လွတ်မြောက်
DVB
·
April 26, 2019
kalay
ဒုတိယအကြိမ် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး  မော်လိုက်ကလေး အကျဉ်ထောင်ကနေ အကျဉ်းသား ၆၀၀ ကျော် လွတ်မြောက်လာပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းက ကလေးမြို့နယ် မော်လိုက်ကလေး အကျည်းထောင်၊ ရာဇဂြိုဟ် အမှတ် ၁ စခန်း နဲ့ အမှတ် ၂ စခန်းကနေ အကျဉ်းသား ၆၀၀ ကျော် လွတ်မြောက်လာတာပါ။ လွတ်မြောက်လာသူတွေထဲမှာ ပုဒ် ၁၅၊ ၁၆၊ ၂၁ တွေဖြစ်တဲ့ မူးယစ်ဆေးသုံးစွဲမှု၊ ကိုင်ဆောင်မှု၊ အားပေးကူညီမှုတွေနဲ့ ပြစ်ဒဏ်ကျခံရတဲ့ အကျဉ်းသားတွေဖြစ်ပြီး နေရပ်ပြန်ရောက်တဲ့အခါ မူးယစ်ဆေးဝါးတွေနဲ့ ထပ်မပတ်သက်ဘဲ အေးအေးလူလူ နေစေချင်တယ်လို့ ကလေးမြို့ အကျဉ်းဦးစီးဌာန လက်ထောက်ညွှန်မှူး ဦမျိုးဌေးက အကျဉ်းသားတွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ကလေးမြို့ မော်လိုက်ကလေး အကျဉ်းထောင်ကနေ လွတ်မြောက်လာသူတွေမှာ ကျား ၆၃၂ ဦး၊ မ ၃၅ ဦးရှိပြီး ရာဇဂြိုဟ် အမှတ် ၁ နဲ့ အမှတ် ၂ စခန်းတွေက လွတ်ငြိမ်းခွင့်ရ အကျဉ်းသားထဲမှာတော့ အမျိုးသမီး အကျဉ်းသားတွေ မပါဝင်ဘူးလို့ သိရပါတယ်။ ဧပြီ ၂၆ ရက်နေ့ သမ္မတ လွတ်ငြိမ်းခွင့်နဲ့ စစ်ကိုင်းတိုင်းအတွင်း အကျဉ်းထောင် ၁၀ ခုကနေ ကျားမ စုစုပေါင်း ၂၂၀၅ ဦး လွတ်မြောက်ခဲ့တယ်လို့ ထုတ်ပြန်စာရင်းတွေအရ သိရပါတယ်။ ပြီးခဲ့ ဧပြီ ၁၇ ရက်ကလည်း ကလေးမြို့ မော်လိုက်ကလေးအကျဉ်းထောင်ကလအကျဉ်းသား ၂၀၀ ကျော်နဲ့ ရာဇဂြိုဟ် အမှတ် ၁ စခန်းနဲ့ အမှတ် ၂ စခန်းက အကျဉ်းသား တစ်စ်ရာကျော် လွတ်ငြိမ်းခွင့်ရခဲ့ပါတယ်။ မင်းရဲစစ်နိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013