Home
မြန်မာသတင်း
လွိုင်ကော်အကျဉ်းထောင်မှ အကျဉ်းသား ၈၄ ဦး လွတ်မြောက်
DVB
·
April 26, 2019
hk
၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတော်သမ္မတက အကျဉ်းသားတွေကို ဒုတိယအကြိမ်မြောက် လွတ်ငြိမ်းသက်သာခွင့်ပေးရာမှာ ကယားပြည်နယ် လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းသူအကျဉ်းသား ၈၄ ဦး လွတ်မြောက်လာပါတယ်။ ဒီနေ့မနက်က ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး လွတ်လာသူတွေဟာ မူးယစ်ပုဒ်မ ၁၅-၁၆ နဲ့ ထောင်ဒဏ်ထိုက်သင့်သလောက် ကျထားပြီးသူတွေဖြစ်တယ်လို့ လွိုင်ကော်ထောင်ပိုင်ကြီး ဦးမြင့်စိုးက ပြောပါတယ်။ “ကျနော် ၁၁ နာရီခွဲလောက်မှာ အကုန်လွှတ်ပေးပြီးသွားပါပြီ၊ မူးယစ်မှုပါပဲ။ မူးယစ်မှု ၁၅၊ ၁၆၊ ၂၁ တွေပါပဲ။ သူတို့လည်း ထိုက်သင့်သလောက်ခံပြီးပြီပဲ၊ အကုန်လုံး နောင်တတရားလည်း ရကြပြီဆိုတော့ အပြင်ရောက်သွားရင် လူကောင်းသူကောင်းဖြစ်မယ်လို့ ထင်ပါတယ်။” ၂၀၁၉ ခုနှစ် မြန်မာ့နှစ်သစ်ကူး နိုင်ငံတော်သမ္မတရဲ့ ပထမတကြိမ်  လွတ်ငြိမ်းသက်သာခွင့်တုန်းက လွိုင်ကော်ကျဉ်းထောင်မှာ အကျဉ်းသူ၊ အကျဉ်းသား ၉၃ ဦး ပြန်လွတ်မြောက်ခဲ့ပါတယ်။ ဧပြီ ၂၆ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သမ္မတရုံးအမိန့်စာထဲမှာ မြန်မာနှစ်သစ်အခါသမယ အထိမ်းအမှတ်အဖြစ်နဲ့ လူသားချင်း စာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျနေတဲ့ နိုင်ငံသား အကျဉ်းသား ၆၉၄၈ ဦးကို ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း သက်သာခွင့်ပေးလိုက်တယ်လို့ ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013