သရက်အကျဉ်းထောင်က အကျဉ်းသား ၁၀၀ ကျော်ကို ပြစ်ဒဏ်လျော့ပေါ့ ပြန်လွှတ်ပေး
DVB
·
April 12, 2019
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ကျား ၈၆ ဦးနဲ့ မ ၁၅ ဦး စုစုပေါင်း ၁၀၁ ဦးတို့ကို ဒီကနေ့ ဧပြီ ၁၂ ရက် မနက်ပိုင်းက ပြစ်ဒဏ်တွေ လျာ့ပေါ့ပေးပြီး သင်္ကြန်မတိုင်မီ ပြန်လွှတ်ပေးလိုက်ပါတယ်။
ပြစ်ဒဏ်ကျခံနေရစဉ်ကာလမှာ ကောင်းမွန်စွာနေထိုင်သူတွေနဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ အညီ နေထိုင်တဲ့ အကျဉ်းသားတွေကို အကျဉ်းဦးစီးဌာန တာဝန်ရှိသူ အဆင့်ဆင့်ရဲ့ အထူးလျော့ရက်ခံစားခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။
သတင်း-ဘဦး