ဘူးသီးတောင် ဖုံညိုလိပ်ဘင်္ဂလီရွာသို့ ဘင်္ဂါလီစစ်ဘေးရှောင် ၆၀၀ ကျော်ရောက်ရှိ
DVB
·
March 29, 2019
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ဘင်္ဂါလီကျေးရွာကို ဆင်သေပြင် ဘင်္ဂလီကျေးရွာ၊ ထိပ်တူးပေါက်ဘဂါင်္လီကျေးရွာတွေက စစ်ဘေးရှောင် ၆၃၆ ဦးရောက်ရှိလာတယ်လို့ ဖုံညိုလိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းနိုင်က ပြောပါတယ်။
"မတ်လ ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ ဘဂါင်္လီစစ်ပြေးဒုက္ခသည် ၆၃၆ ဦး ဖုံညိုလိမ်ကျေးရွာ ဘဂါင်္လီကျေးရွာကို ရောက်ရှိနေပါတယ်။ လောလောဆယ်တော့ သူတို့ကို ဖုံညိုလိပ် ဘင်္ဂါလီကျေးရွာတွေမှာ နေရာချပေးထားပါတယ်။ တရပ်ကွက်မှာ ၃၀/၄၀ ပေါ့လေ။ သူတို့နဲ့ နီးစပ်ရာဆွေမျိုးတွေဆီမှာ နေကြသူတွေလည်းရှိတယ်။ လူကယ်ပြန်ကတော့ ဆန်တွေ လာထောက်ပံ့ပါတယ်။ ဖုံညိုလိပ်က ရခိုင်ရွာသူ/သားတွေကတော အားလုံးနီးပါး ဘူးသီးတောင်မြို့က ဒုက္ခသည်စခန်းတွေနဲ့ နီးစပ်ရာဆွေမျိုးတွေထံ ထွက်ပြေးသွားကြပါပြီ။"
ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာ ရပ်ကွက် ၁ ရှိ ကျေးလက်ဆေးပေးခန်းအနီးမှာ မတ် ၂၅ ရက် ည ၆ နာရီကျော်အချိန်က လက်နက်ကြီး ကျရောက်လို့ ကျန်းမာရေးဝန်ထမ်း ကြီးကြပ် ၂ ဦးနိုင်နိုင်အောင်ရဲ့ ဇနီးဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဆင်သေပြင်ဘဂါင်္လီကျေးရွာမှ ဘဂါင်္လီ ၃ ဦးလည်း လက်နက်ကြီး ကျည်ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း ဆင်သေပြင်ကျေးရွာမှ မာမတ်အီဆပ်က ပြောပါတယ်။
"မတ် ၂၅ ရက်နေ့က လက်နက်ကြီး ကျည်ကျလို့ ကျနော်တို့ ဆင်သေပြင်မှာလည်း ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ တိုက်ပွဲတွေကလည်း အဆက်မပြတ်ဖြစ်နေတယ်ဆိုတော့ ကျနော်တို့လည်း မနေရဲတောဘဲ အခုလိုထွက်ပြေးလာတာပါ။"
ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာမှာ ရခိုင် နဲ့ ဘဂါင်္လီ အိမ်ခြေ စုစုပေါင်း ၈၀၀ ကျော်ရှိကာ ရခိုင် အိမ်ခြေ ၃၀ သာရှိကြောင်း သိရပါတယ်။ ၂၀၁၇ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှိနိုင်ငံဘက်ကို ထွက်သွားတဲ့ ဘဂါင်္လီမိသားစု မိသားစု ၃၀၀ ကျော် ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။