ငပုတောတွင် ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ
DVB
·
March 22, 2019
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မှာ ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
မတ် ၂၁ ရက်နေ့ ၀၈ ၃၀ အချိန်က ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ပုသိမ်-မော်တင်ကား လမ်း မိုင်တိုင်(၇၂/၀-၁)ကြား တောင်ကုန်းအတက်မှာ မင်းမင်းဦး မောင်းနှင်ပြီး ခရီးသည် ၁၇ ဦး လိုက်ပါလာတဲ့ 9E/×××× Canter ယာဉ်မှာ နောက်ပြန်လျှောကျတိမ်းမှောက်ခဲ့တာပါ။
ယာဉ်တိမ်းမှောက်မှုကြောင့် ဦးဝင်းနိုင် (၄၇) နှစ် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူ ၁၁ ဦးကို ကျုံကူးတိုက်နယ်ဆေးရုံ ပို့ဆောင်ကုသထားပြီး အမျိုးသမီးတဦး အခြေအနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။
မင်းမင်းဦး ကျုံကူးနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု၊ ပါ့လျော့မှုကြောင့် ပြင်းထန်/သာမန် နာကျင်စေမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။