လှိုင်သာယာတွင် မီးလောင်၊ အိမ်ခြေ ၅၀ ကျော် ပျက်စီးဆုံးရှုံး
DVB
·
March 10, 2019
လှိုင်သာယာ ပန်းလှိုင်ဂေါက်ကွင်းအနီး ညောင်ရွာမှာ မီးလောင်ကျွမ်းခဲ့လို့ အိမ်ခြေ ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ ပန်းလှိုင်ဂေါက်ကွင်းအနီး ပန်းလှိုင်လမ်းမကြီး နဲ့ ညောင်ရွာ ပိတောက်ဈေးလမ်းမ ဓာတ်ဆီဆိုင်မှာ မတ်လ ၉ ရက်နေ့ ညနေ ၃ နာရီ ပတ်ဝန်းကျင်းလောက်က မီးစတင်လောင်ကျွမ်းခဲ့တာပါ။
ဓာတ်ဆီဆိုင် ဝရိန်ဆော်ရာကနေ မီးစလောင်ကျွမ်းပြီး ဈေးဆိုင် နဲ့ အိမ်တွေ မီလောင်းခဲ့တယ်လို့ လှိုင်သာယာမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးထွန်းဝေက ပြောပါတယ်။
မီးကြောင့် အိမ် နဲ့ ဈေးဆိုင်ခန်း ၅၀ ကျော် မီးထဲပါသွားတယ်လို့ အိမ်မီးထဲပါသွားသူတဦးက ပြောပါတယ်။
မီးလောင်တာဟာ Level 3 အဆင့်ရှိပြီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးပါဘူး။
အိမ်မီးလောင်ပျက်စီးသွားတဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေအတွက် ရပ်ကွက်အနီးက အောင်မင်္ဂလာဘုန်းကြီးကျောင်းမှာ မီးဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးထားပါတယ်။