Home
မြန်မာသတင်း
ပဲခူးတိုင်းတွင် စိတ်ကြိုက်မြန်မာစာ ဖြေဆိုသူ မရှိ
DVB
·
March 9, 2019
edu
ပဲခူးတိုင်းဒေသကြီးမှာ စိတ်ကြိုက် မြန်မာစာစာမေးပွဲကို ဝင်ရောက်ဖြေဆိုမယ့် ကျောင်းသား ကျောင်းသူ တယောက်မှ မရှိဘူးလို့ တိုင်းပညာရေးရုံးက ပြောပါတယ်။ ပဲခူးတိုင်း ပညာရေးမှူးရုံးမှ ဦးဆန်းအောင်က “လက်ရှိ ဒသမတန်း ပညာရေးမှာ အတွဲ ၇ တွဲ ရှိပါတယ်။ ဝိဇ္ဇာသိပ္ပံအတွဲ ၁၊ ဝိဇ္ဇာ အတွဲ ၂ နှင့် သိပ္ပံ အတွဲ ၇ တို့သာ ဖြေဆိုကြပါတယ်။ ကျန်တဲ့အတွဲ ၃၊ ၄၊ ၅ ကတော့ ကျနော်တို့ ပဲခူးတိုင်းမှာ ဖြေဆိုမယ့်သူ မရှိပါဘူး။ ဒါကြောင့် စိတ်ကြိုက် မြန်မာစာမှာ ပဲခူးတိုင်း စာစစ်ဌာနတွေမှာ ဖြေဆိုမယ့်သူ မရှိပါဘူး” လို့ ပြောပါတယ်။ မြန်မာနိုင်ငံ နေရာ အတော်များများမှာ အတွဲ ၁၊ ၂၊ ၇၊ သာ ဖြေဆိုသူရှိပြီး အတွဲ ၃၊ ၄၊ ၅၊ ဖြေဆိုသူ အင်မတန် ရှားပါးကြောင်း သိရပါတယ်။ “ဒသမတန်း ပညာရေးစနစ် စစခြင်း ၂ နှစ်အတွင်းမှာတော့ ကျနော်တို့ ပဲနွယ်ကုန်း စာစစ်ဌာနမှာ စိတ်ကြိုက် မြန်မာစာတွဲ ဖြေဆိုသူ ၂ ယောက်ရှိခဲ့ပါတယ်။ သူတို့ နှစ်နှစ်ဆက်တိုက် ဖြေတာ မအောင်မြင်တော့ ဆက်မဖြေကြတော့ပါဘူး။ အခုထိလည်း အဲဒီ အတွဲ ၃၊ ၄၊ ၅ ဘာသာရပ်တွေကို ဖြေဆိုတဲ့သူ ယနေ့အထိ မရှိတော့ပါဘူး”လို့ ကျောက်တံခါးမြို့နယ် လက်ထောက် ပညာရေးမှူး ဦးဇင်မင်းအောင်က ပြောပါတယ်။ အခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှာ စာဖြေဌာန ၁၆၁ ခုထားရှိပြီး ကျောင်းတွင်းဖြေနှင့်ပြင်ပဖြေ ကျောင်းသား/သူ ၇၉၅၇၅ ဦး ရှိပါတယ်။ သတင်း- ဗိုလ်သူရိန်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013