Homeမြန်မာသတင်း
ကျောင်းသား/သူ ၃ ဦးအား စာမေးပွဲအချိန်မီဖြေဆိုရန် ပိုပေးခဲ့သည့် ယာဉ်ထိန်းရဲ ၂ ဦးကို ဆုငွေပေးအပ်
ကျောင်းသား/သူ ၃ ဦးအား စာမေးပွဲအချိန်မီဖြေဆိုရန် ပိုပေးခဲ့သည့် ယာဉ်ထိန်းရဲ ၂ ဦးကို ဆုငွေပေးအပ်
DVB
·
March 8, 2019
မတ် ၆ ရက်နေပ တက္ကသိုလ်ဝင်စာမေးပွဲ(ပထမ)နေ့မှာ ကျောင်းလွဲမှားရောက်ရှိတဲ့ ကျောင်းသား/သူ ၃ ဦးအား စာမေးပွဲအချိန်မီ ဖြေဆိုနိုင်ဖို့ ပို့ဆောင်ပေးခဲ့တဲ့ ယာဉ်ထိန်းရဲ ၂ ဦးကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့ပါတယ်။
စမ်းချောင်း အ.ထ.က ၂ မှ ကျောင်းသား ၁ ဦးနဲ့ ကြည့်မြင်တိုင် အ.ထ.က ၂ မှ ကျောင်းသူ ၂ ဦးတို့အား ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေက စာမေးပွဲဖြေဆိုချိန် အချိန်မီ ပို့ဆောင်ပေးခဲ့တာပါ။
ပဲခူးမြို့မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေတဲ့ ကျောင်းသားတဦးရဲ့ ဖခင် ဦးရဲမင်းထွေး၊ မန်နေဂျင်းဒါရိုက်တာ၊ Wood Htwe Trading Co; Ltd က ယာဉ်ထိန်းရဲ ၂ ဦးအား ဂုဏ်ပြုဆုငွေ ကျပ် ၁ သိန်းစီ ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အလှူရှင်ကိုယ်စား အမှတ် ၇ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး မျိုးအောင်မြင့်က ထပ်ဆင့်ချီးမြှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။