အိပ်ပျော်နေ၍ စာဖြေချိန်နောက်ကျသည့် ကျောင်းသားကို ယာဉ်ထိန်းရဲ အချိန်မီပို့ဆောင်
DVB
·
March 7, 2019
ဒေါပုံမြို့နယ်၊ ဒေါပုံ အ.ထ.က (၁) ကျောင်းမှ ကျောင်းသားတဦး အိပ်ပျော်နေလို့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုချိန် နောက်ကျနေတာကို ယာဉ်ထိန်းရဲတပ်ဖွဲ့က အချိန်မီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
စာမေးပွဲ လာမဖြေတာကြောင့် ကျောင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်ရာ ကျောင်းသားမှာ ညပိုင်းစာကျက်ပြီး အိပ်ပျော်နေလို့ နောက်ကျကြောင်း သိရလို့ ကျောင်းရှေ့ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်က မီးတန်း ဆိုင်ကယ်နဲ့ သွားရောက်ခေါ်ဆောင်ပေးခဲ့တယ်လို့ ယာဉ်ထိန်းရဲက သတင်းထုတ်ပြန်ပါတယ်။
ကျောင်းသား နေထိုင်တဲ့ ဒေါပုံမြို့နယ် ယမုံနာ ၂ ရပ်ကွက် ကမ်းနားလမ်း မ-၃၆၃ မှာ သွားရောက်ခေါ်ယူပြီး ဖြေဆိုမယ့် ကျောင်းကို အချိန်မီဖြေဆိုနိုင်စေဖို့ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။