ကားကောင်းတွေချည်းပဲဆိုတော့ ကျနော်ပြောဖို့ မပြောတတ်ဘူး - နေမင်း
သူသူအောင်
·
March 8, 2019
မုန်းစွဲ ကတော့ ရမယ်ထင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ မုန်းစွဲကို ကျနော် သွားကြည့်ပြီးတော့ ကြိုက်တယ်။ ကိုရွှေမန်းကြီးများ ရမလားမသိဘူး။ အဲလိုမျိုးပေါ့ နော်။ ကျနော်ထင်တာ ပြောတာနော်။ ကျန်တာကတော့ မီ လည်းရှိတယ်။ အများကြီး ပါပဲ။ ကားကောင်းတွေချည်းပဲဆိုတော့ ကျနော်ပြောဖို့ မပြောတတ်ဘူး။ ကျနော် ကြည့်သမျှ ကားတွေအကုန်လုံးကတော့ ကြိုက်တယ်။ နောက်တခုက အိမ်ကလည်း ရန်သူ က ရှိနေတဲ့အခါကျတော့ ဘာပြောရမှန်းမသိဘူး။ ကျနော်ကတော့ ရှင်းတယ် ဒီနှစ်ရဲ့ နှစ်စမှာ ကျည်ထောင်စုသစ္စာတင်တယ်။ ၁ လပိုင်း ရှေ့အပတ်မှာပေါ့။ ရန်သူ ကကျတော့ ၁၂ လပိုင်း နောက်ဆုံး ပတ်မှာတင်တယ်ပေါ့။ ထိပ်ပိတ်နောက်ပိတ် ကျနော့် ကားကြီး နှစ်ကားတော့ ပါတယ်ပေါ့။