အားလုံးက အနုပညာ မောင်နှမတွေ ဆိုတော့ ဘယ်သူပဲရရ ပျော်ပါတယ် - ဇင်ဇင်ဇော်မြင့်
သူသူအောင်
·
March 7, 2019
ဒီနှစ်ဆိုရင်လည်း ကားပေါင်း ၈ဝ ကျော်တောင် ရှိတယ်ဆိုတော့ ပြောရတာ တော်တော်လေးကိုတော့ ခက်ပါတယ်။ ဘယ်သူရမလဲ ဘာလဲဆိုတာတော့ မှန်းရတာ တော့ ခက်တာပေါ့။ အနုပညာသမားအနေနဲ့ ကိုယ့်ရဲ့ ရုပ်ရှင်ကားကြီးပေါ့နော်။ ရာဇဝင် ရိုင်းခဲ့သည် ဆိုတဲ့ ကားလေးကတော့ ကိုယ်မရရင်တောင်မှ တခြားသူတွေ ရစေချင် တယ်။ နောက် ကိုယ့်ရဲ့ အနုပညာ မောင်နှမတွေ ဘယ်သူပဲရရ အကယ်ဒမီပေးပွဲကို အမြဲတမ်း အားပေးဖို့ အဆင်သင့်ပါပဲ။ ကိုယ့်ကား ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အကယ်ဒမီပေးပွဲဆိုရင် တက်ဖြစ်ပါတယ်။ အားလုံးက အနုပညာ မောင်နှမတွေ ဆိုတော့ ဘယ်သူပဲရရ ပျော်ပါတယ်။