Home
ရုပျသံ
အကယ်ဒမီဆိုတာ နတ်ကြီးတယ်- ပွင့်နဒီမောင်
သူသူအောင်
·
February 21, 2019
pwint
လာမယ့် မတ်လမှာကျင်းပဖို့ ရှိနေတဲ့ ၂၀၀၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲနဲ့ ပတ်သက်ပြီး ရုပ်ရှင်သရုပ်ဆောင် ပွင့်နဒီမောင်ရဲ့ အကယ်ဒမီရင်ခုန်သံ ။ ရုပ်ရှင်အကယ်ဒမီဆိုတာ နတ်လည်းကြီးတယ်။ ပရိသတ်ကပေးတဲ့ဆုနဲ့ လွဲထွက် သွားတဲ့နှစ်ပေါင်းလည်း အများကြီးပဲ။ ဟာခနဲ ဟင်ခနဲ ဖြစ်သွားတဲ့အချိန်တွေကလည်း အများကြီးပဲ။ အကယ်ဒမီရဲ့ စည်းမျဉ်းစည်းကမ်းတွေ ကိုယ်တွေလည်း မသိဘူး။ ပရိသတ်တယောက်အနေနဲ့ပဲ ပြောမယ်ပေါ့နော်။ ဖွေးဖွေးကားတွေအများကြီးပါတယ်။ ဖွေးဖွေးကိုအရမ်းကြိုက်တယ်။ အဲဒီတော့ ဖွေးဖွေးကို ရစေချင်တယ်။ ကိုနေတိုး ကိုလည်း ကြိုက်တယ်ပေါ့နော်။ ပရိသတ်တယောက်အနေနဲ့ပဲ ဝေဖန်လို့ရတာပေါ့နော်။ စည်းမျဉ်းစည်းကမ်းတွေလည်း ဘာမှမသိဘူး။ ပြီးတော့ မူတွေရော လူတွေရော ပြောင်းနေတာဖြစ်တဲ့အတွက် အဲဒီအပိုင်းတွေကတော့ မသိဘူးပေါ့။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013