စည်ပင်ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ၁ ဦး နုတ်ထွက်
အာကာ
·
February 19, 2019
ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာတဲ့နေ့မှာ တဦးထပ်မံနုတ်ထွက်သွားတဲ့အတွက် ကိုယ်စားလှယ်လောင်း ၂၇၃ဦး ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ စည်ပင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။
စည်ပင်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့်ရတဲ့ ကိုယ်စားလှယ်လောင်းတွေကို ဖေဖော်ဝါရီ ၁၈ ရက်ကကြေညာခဲ့ပြီး ကိုယ်စားလှယ်လောင်း ၂၇၄ဦးကို အတည်ပြုခဲ့တာပါ။
ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်က “စာရင်းတင်တဲ့ ၂၇၇ဦးမှာ တဦးက အစောကတည်းက နုတ်ထွက်ထားတယ်။ နှစ်ဦးက စည်ပင်နည်းဥပဒေနဲ့ ညိလို့ ပယ်ခဲ့ပါတယ်။ အတည်ပြုခဲ့တာ ၂၇၄ဦးပါ။ မနေ့က တဦးထပ်နုတ်ထွက်သွားတဲ့အတွက် ၂၇၃ဦးကို အတည်ပြုလိုက်ပါတယ်။ ဒီထဲမှာ အမျိုးသမီးမပါပါဘူး။ ပါတီက ပါဝင်ပါတယ်။”လို့ ပြောပါတယ်။
စည်ပင်ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ် ၉၁ ဦးနဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် ၂၃ဦး ပါဝင်ပါတယ်။