စည်ပင်ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ လူမှုကွန်ရက်အသုံးပြုမှုဆိုင်ရာဆွေးနွေး
ပြည့်ဘုန်းအောင်
·
February 14, 2019
မတ်လ ၃၁ ရက် ကျင်းပမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ လူမှုကွန်ရက် အသုံးပြုမှု ဆိုင်ရာ လေ့လာဆန်းစစ်ချက် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၃ ရက်က ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီဆွေးနွေးပွဲကိုတော့ စည်ပင်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်း ၁၀ ဦးကျော် တက်ရောက်ခဲ့ပါတယ်။
ဒီဆွေးနွေးပွဲကို social media development Myanmar အဖွဲ့က ဦးဆောင်ကျင်းပတာ ဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံအနေနဲ့ လူမှုကွန်ရက် အသုံးပြုမှုဆိုင်ရာ လေ့လာဆန်းစစ်ချက်တွေ၊ စည်ပင်ရွေးကောက်ပွဲဆိုင်ရာ လူမှုကွန်ရက် လှုပ်ရှားတွေရဲ့ အရေးပါမှုတွေနဲ့ လူမှုကွန်ရက်ကို စည်ပင်ရွေးကောက်ပွဲမှာ ထိရောက်စွာ အသုံးပြုနိုင်ရေး နည်းလမ်းတွေ ဆွေးနွေးခဲ့ပါတယ်။