ဝန်ကြီးချုပ်ဖြစ်ချင်တဲ့ ထိုင်းဘုရင့်သမီးတော်ကြီးအကြောင်း တစေ့တစောင်း
နန်းမြနဒီ
·
February 13, 2019
နတ်ရွာစံ န၀မမြောက်ထိုင်းဘုရင်မင်းဆက်ရဲ့ အကြီးဆုံးသမီးတော်၊ လက်ရှိ ဒဿမမြောက် ဘုရင်ရဲ့ အစ်မတော်ဖြစ်သူ “ထွန်းကမွမ်ယိင်းဥဘွန်ရတ်ရာ့ခ်ျကန်းယား ဆီရိဝပ်ထနားဖတ်ဒီ” ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့်အကြောင်း ထုတ်ပြန်ခဲ့တဲ့အတွက် ထိုင်းတနိုင်ငံလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။
လာမယ့် ၂၀၁၉ မတ် ၂၄ ရက်နေ့ အထွေထွေရွေးကောက်ပွဲကျရင် Thai Save the Nation Party ပါတီအနေနဲ့ ဘုရင့်သမီးတော်ကို ထိုင်းဝန်ကြီးချုပ်နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် အကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲကော်မရှင်ထံ အမည်စာရင်းတင်သွင်း ခဲ့တာပါ။
ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဘုရင်မင်းမိသားစုဟာ တိုင်းသူပြည်သား များက ကြည်ညိုလေးစားအပ်သော တော်ဝင်မိသားစုအနေနဲ့သာ နေထိုင်ရမှာဖြစ်ပြီး အများပြ ည်သူမှ ဝေဖန်ခြင်း၊ ကန့်ကွက်ခြင်း၊ ဆန့်ကျင်ခြင်း ပြုနိုင်တဲ့ နိုင်ငံရေးသမားအဖြစ် ပါဝင်ခွင့်မရှိဘူး လို့ ဖော်ပြထားတာကြောင့် တတိုင်းပြည်လုံး အံ့အားသင့်တုန်လှုပ်သွားတာ ဖြစ်ပါတယ်။
ဘုရင်စံနစ်ကို လက်ခံကြည်ညိုသူတွေက သမီးတော်ရဲ့ လုပ်ရပ်ကို ဝေဖန်နေကြပြီး ဘုရင်စ နစ် မလိုလားသူတွေကတော့ ရှေးရိုးစွဲအစဉ်အလာကို ပြောင်းလဲဖို့သတ္တိရှိသူအဖြစ် ထောက်ခံ အားပေးနေကြပါတယ်။
အထူးသဖြင့် Thai Save the Nation Party ပါတီဟာ ယခင် ထပ်ဆင်ရှင်နာဝပ် ဦးဆောင်သော ဖွေ့ထိုင်းပါတီ (ရှပ်နီပါတီ) ၀င်ဟောင်းရဲ့ ဆွေစဉ်မျိုးဆက်တွေ အများဆုံး ပါဝင်တဲ့ ပါ တီတခုဖြစ်တာကြောင့် သူမကို ထောက်ခံသူတွေအများစုဟာ ယခင်ဝန်ကြီးချုပ်ဟောင်း ထပ်ဆင် နဲ့ ယင်လပ်တို့ကို ထော က်ခံတဲ့သူတွေလည်း အများစုဖြစ်နေပါတယ်။
သူမကလည်း ရွေးကောက်ပွဲဝင်ဖို့ ကြေညာတဲ့ရက်ပိုင်းအတွင်း သူ့ရဲ့ ကိုယ်ပိုင် အင်စတား ဂရမ်မှာ ထိုင်းမြောက်ပိုင်းက (ရှပ်နီအများစု ထောက်ခံတဲ့) ချင်းမိုင်ခရိုင် ချင်းမိုင်မြို့ကို ရောက်ခဲ့စဉ် လမ်းဘေးခေါက်ဆွဲဆိုင်မှာ သာမန်ပြည်သူတယောက်လို စားသောက်နေတဲ့ ဗွီဒီယိုဖိုင်တင်ခဲ့သလို ချင်းမိုင် န၀ရတ်တံတားအနီး လမ်းဘေးဆိုင်မှာ ကော်ဖီထိုင်သောက်ပြီ တနေ့တည်းမှာ ဘုရား ၉ နေရာစေ့အောင် ဖူးခဲ့ကြောင်း၊ ချင်းမိုင်မှာ ဘုရားပုထိုးစေတီပေါများတဲ့အတွက် တနေရာနဲ့တနေရာ အဝေးကြီးသွားစရာမလိုကြောင်း ချီးမွမ်းခန်းဖွင့်ဆိုရေးသားခဲ့ပါတယ်။
မထောက်ခံသူတွေကတော့ သူမဟာ ငယ်စဉ်ကတည်းက ခေါင်းမာတဲ့အကျင့်စရိုက်ရှိပြီး တော်ဝင်နွယ်တွေရဲ့ အစဉ်အလာကို ဖီဆန်ကာ နိုင်ငံခြားသားနဲ့ လက်ထပ်ခဲ့သလို အခုလည်း နို င်ငံတော်အခြေခံဥပဒေကို မျက်ကွယ်ပြုကာ နိုင်ငံရေးလောကထဲဝင်ရောက်လာကြောင်း ဝေဖန် နေကြပါတယ်။
သူမကတော့ ထိုင်းနိုင်ငံရဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပြီး ဆင်းရဲမှုကို လျော့ ပါးသွားအောင် လုပ်ဆောင်သွားမယ့်အကြောင်း၊ ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို မြှင့် တင်ပြီး တဖက်ကလည်း တိုင်းပြည်တွင်း စည်းလုံးညီညွှတ်မှုကို ဆောင်ရွက်မှာဖြစ်ကြောင်း၊ ခေတ်မီ နည်းပညာတွေနဲ့ တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်တွေကို အတတ်နိုင်ဆုံးကြိုးစားသွားမယ်လို့ ရွေးကော က်ပွဲကော်မရှင်ထံ အဆိုပြုတဲ့ စာထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အဆိုပြုပြီး ရက်မကူးခင် အဲဒီနေ့ ညနေပိုင်းမှာပဲ လက်ရှိ ဒဿမမြောက်ထိုင်းဘုရင်က ဘုရင့်အနွယ်တော်ဖြစ်သော အစ်မတော်အနေနဲ့ ပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေကို လိုက်နာကျင့်သုံးဖို့၊ အနွယ်တော်အနေနဲ့ နိုင်ငံရေးရဲ့ အထက်မှာပဲ ရှိရမှာဖြစ်ပြီး နိုင်ငံရေးပါတီများရဲ့ ဘယ်အစိတ်အပိုင်းမှာမှ ပါဝင်ပတ်သက်မှုမရှိဘဲ တိုင်းသူပြည်သားများ ကြည်ညိုလေးစားမှုရှိအောင်နေထိုင်ဖို့၊ အနွယ်တော်အနေနဲ့သာလျှင် တိုင်းသူပြည်သားများရဲ့ အကျိုးကို ဆောင်ရွက်ဖို့ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
မင်းသမီြးံကီးကတော့ သူမအနေနဲ့ အနွယ်တော်အစဉ်အလာကို ဖီဆန်ပြီး နိုင်ငံခြားသားနဲ့ လက်ထပ်ခဲ့တာကြောင့် သာမန်ပြည်သူတယောက်သာဖြစ်ကြောင်း အမြဲပြောဆို ပြုမူနေခဲ့တာပါ။
ဒါပေမယ့် နန်းတွင်းအမှုထမ်းအရာထမ်းနဲ့ ပြည်သူတွေကတော့ သူမဟာ ဘုရင့်သွေးရင်းခြာ ဖြစ်နေတာကြောင့် မင်းသမီး တပါးအဖြစ်သာ ဆက်လက် ဆက်ဆံခစားလျက်ရှိပါတယ်။
ရွေးကောက်ပွဲဝင်မယ့်ကိစ္စ ဘုရင့်အမိန့်တော်ထုတ်ပြန်ပြီးနောက်ပိုင်းမှာတော့ မင်းသမီး ဘက်က ဘာမှတုံ့ပြန်ပြောဆိုသံတွေ မကြားသေးပါဘူး။
Thai Save the Nation Party ပါတီကတော့ ရွေးကောက်ပွဲကော်မရှင်က သတ်မှ တ်ထားတဲ့ ၀န်ကြီးချုပ်အမည်စာရင်းတင်သွင်းခွင့်နေ့ရက်ကျော်လွန်သွားတဲ့အပြင် နိုင်ငံတော် အခြေခံဥပဒေ မနာလိုက်နာမှုနဲ့ ပါတီရုပ်သိမ်းပေးရဖွယ်ဖြစ်နေပါတယ် ။
ပြည်သူတွေကြားမှာတော့ ရှပ်နီရဲ့ အထက်မှာ ပရယုဒ် (လက်ရှိဝန်ကြီးချုပ်) ရှိပြီး ပရယုဒ် အထက်မှာ To be Number One (မင်းသမီးကြီး ထွန်းကမွမ်ယိင်း တည်ထောင်ဆော င်ရွက်နေတဲ့ ပရောဂျက်) ရှိကြောင်း၊ To be Number One ရဲ့ အထက်မှာတော့ Number Ten (လက်ရှိ ဒဿမမြောက် ထိုင်းဘုရင်ကြီး) ရှိကြောင်း ပြောဆိုနေကြပါတယ်။
မင်းသမီးကြီး ထွန်းကမွမ်ယိင်း ခေါ် ဥဘွန်ရတ်ရာ့ခ်ျကန်းယား ဆီရိဝပ်ထနားဖတ်ဒီဟာ အသက် ၆၇ နှစ်ရွယ်ရှိပြီး အမေရိကန်နိုင်ငံ မဲန်ဆာချုးဆက် တက္ကသိုလ်မှ ဇီဝဗေဒသိပ္ပံဘွဲ့၊ အမေ ရိကန်နိုင်ငံ UCLA ကယ်လီဖိုးနီးယား - လော့စ်အိန်ဂျယ်လစ် တက္ကသိုလ်မှ ပြည်သူ့ကျန်း မာရေးအဓိကနဲ့ မဟာသိပ္ပံဘွဲ့ရခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာ အမေရိကန်လူမျိုး မစ္စတာ ပီတာ လက်ဂျက်ဆင်နဲ့ လက်ထပ်ပြီး သား ၁ ယောက်၊ သမီး ၂ ယောက်ဖွားမြင်ခဲ့ပါတယ်။ သားဖြစ်သူ ခွန်ဖုန့်ကတော့ ထိုင်းမှာ ဆူနာမီမုန်တိုင်းဖြစ်ပေါ်စဉ် ပင်လယ်ပြင်မှာ ရေကစားရင်း ဆုံးပါးခဲ့ပါတယ်။
၁၉၉၈ ခုနှစ်မှာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြတ်စဲပြီး ထိုင်းနိုင်ငံမှာ ပြန်လည်အခြေချကာ လူငယ်များ မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် To be number one ပရောဂျက်ကို ထူထောင်ေ ဆာင်ရွက်လျက်ရှိပါတယ်။
မင်းသမီးကြီးဟာ ဂီတအနုပညာဝါသနာပါသူဖြစ်လို့ ရံဖန်ရံခါ သီချင်းဆိုတာ၊ ရုပ်ရှင်ရို က်ကူး တာတွေလည်း ပြုလုပ်လေ့ရှိပါတယ်။